25

137 10 5
                                    

Zawgyi

After 5Years

ကလောမြို့ရဲ့အိမ်ပုလေးရှေ့တွင် Texiကားလေးတစ်စီးထိုးရပ်သွားသည်။နွေဦးရောက်လာတာကြောင့်အိမ်ထဲမှာသစ်ခွပန်းများနဲ့ အိမ်ရှေ့က စိန်ပန်းပင်ကြီးဆီက အဖူးများထွက်လာသည်။ဆေးရောင်ပြယ်နေသော အိမ်အိုပုပုလေးရဲ့ ရှေ့ မြတ်လေးပန်းရုံ စင်ကြီးကပြိုကျမတတ်ပင်ယိုင်နဲ့နေလေသည်။

မောင်တို့ငါးနှစ်စလုံးမပြန်ခဲ့သော်လည်း အန်တီဝါက အမြဲသန့်ရှင်းရေးလာလုပ်ပေးထားတာကြောင့် အိမ်ကြီးကသစ်လွင်နေသည်။အိမ်ကြီးတံခါးကိုဖွင့်လိုက်တော့ မေမေ့ရဲ့အငွေ့အသက်ကိုပြန်ရလိုက်သည်။

"ကျနော်ပြန်ရောက်ပြီ မေမေ။"

အထုတ်အပိုးများချပြီး အိမ်ကိုပတ်တပ်လည်ကွေ့ဝိုက်ကြည့်ရင်းနဲ့ မေမေ့ကိုသတိရလာမိတော့သည်။
ကြောင်ငေးနေသော သူ့ရဲ့ပုခုံးကို အန်တီအိအိက လာကိုင်သည်။

"သားငယ်..အန်တီတို့ ပစ္စည်းရွှေ့ကြတော့မလား။"

"ဗျာ ဟုတ်.."

"ဖြေးဖြေးသွား သားငယ်"

ရှေ့ကအထုတ်ကြီးကိုသယ်မကာသွားနေသော သော်ကမောင်အား အန်တီအိအိက သတိပေးလိုက်သည်။သတိပေးနေတဲ့ကြားက ရူးဖိနပ်ခြေခေါက်ဖြစ်အောင်ခေါက်လိုက်သေးသည်။

ဆံပင်ခပ်အုပ်အုပ်နဲ့ ရှပ်အင်္ကျီအပေါ်ထပ်ဝတ်ထားသည့်မိုးပြာရောင်ဆွယ်တာအပါးလေးနဲ့မောင်ဟာ အရပ်နည်းနည်းရှည်လာတာကလွဲလို့ ရှပ်ပြာပြာနိုင်တဲ့အကျင့်ပုံစံလေးကမပြောင်းလဲပေ။ပစ္စည်းများနေရာချပြီးတော့ အန်တီအိအိနဲ့ဧည့်ခန်းမှာထိုင်နားနေလိုက်သည်။

"အသက်ရလာလို့လားမသိဘူး တော်တော်ပင်ပန်းတာဘဲ..သားငယ်ရယ်။"

"အန်တီအိ..နားတော့လေနော်။လေယာဉ်နဲ့မနားတမ်းစီးလာတာဆိုတော့ ပင်ပန်းနေလောက်ရောပေါ့"

"မင်းအန်တီက အဲလောက်တော့မပျော့သေးပါဘူးအေ.."

သူတို့နှစ်ဦးဆိုဖာပေါ်ထိုင်လိုက်လိုက်ကာ အနားယူလိုက်မိသည်။

"မနေ့တစ်နေ့ကလိုဘဲ။အမေမရှိတော့တာ မယုံနိုင်သေးဘူး။"

"သားငယ်..သားမေမေက သားရင်ထဲအမြဲရှိနေမှာလေ။မရှိတော့တာမဟုတ်ပါဘူးကွယ်။"

Diary of Poinciana: Blue JacarandaOù les histoires vivent. Découvrez maintenant