46

37 0 0
                                    

Zawgyi

ပြည်နယ်တရားရုံးကြီးရဲ့ရှေမှာ မော်ဒယ်မြင့်ကားတစ်စီး ထိုးရပ်လာသည်။သုံးလက်မဒေါက်ကို ကျွမ်းကျင်စွာဝတ်ဆင်ပြီး ကားပေါ်မှဆင်းလာသော အမျိုးသမီးကို တရားရုံးရှေ့ကလူတွေကွက်ကြည့်နေကြသည်။

"မမလေး..ရှေ့နေတွေစောင့်နေပါပြီ"

"သူရော..ရောက်ပြီလား။"

ပယင်းရောင်သည် နေကာမျက်မှန်ကို တပ်လိုက်ပြီး ရင်ကိုကော့ခေါင်းကိုမော့ကာ တရားရုံးထဲဝင်သွားခဲ့သည်။တရားသူကြီးနဲ့ရှေ့နေများလည်းရောက်နေကြပြီ။ယခုရုံးချိန်းက သူတို့ကွာရှင်းပြီးကလေးအုပ်ထိန်းခွင့်အတွက် ဆုံးဖြတ်ချက်ချမည့်နေ့ဖြစ်သည်။ပယင်းရောင်ဝင်လာတော့ နေရှင်းတို့လည်းရောက်နေပြီ။

"ဒီကောင်မ တော်ရုံစောက်ရှက်နဲ့တော့ဒီနေရာကိုရောက်လာတယ်မထင်ဘူး။"

"မျက်နာပြောင်တာမှတကယ်.."

မောက်မိုနဲ့ မင်းမော်တို့ကတော့ ပယင်းရောင်ကိုကြည့်ရင်းတီးတိုးစကားဆိုနေသည်။ရှင်းကတော့တည်တည်ငြိမ်ငြိမ်ပင် တရားပြိုင်နေရာတွင်ထိုင်နေသည်။တရားသူကြီးလည်းရောက်မလာသေးတာနဲ့ ပယင်းရောင်မှနေရှင်းထိုင်နေသည့် နေရာက်ုတစ်ဖြေးဖြေးလှမ်းလာခဲ့သည်။

"မတွေ့တာကြာတော့ ပိန်သွားသလိုဘဲနော်။ ဒီနေ့ကစပြီး ကော်ရုပ်လေးကို လက်လျော့လိုက်ပါ။ဘယ်လိုဖြစ်ဖြစ် ရှင့်သွေးသားမှမဟုတ်တာ.."

"ကော်ရုပ်လေးနဲ့အပေးအယူလုပ်ခဲ့တာတွေ မေ့သွားပြီလား..မင်းကိုယ်တိုင် ဒီအဖြစ်မှန်ကိုဖော်ထုတ်ပြီး ကျုပ်လက်ထဲကနေ ဆွဲထုတ်တော့မယ်ပေါ့

"မျော်လင့်နေလိုက်ပါ။"

"မင်း အမှားကြီးမှားသွားပြီ။ ကလေးကိုတော့ လာမထိသင့်ဘူး။"

ပယင်းရောင်ကျောခိုင်းသွားတာပြီး မကြာမီ တရားသူကြီးရောက်လာသည်။ရှင်းဘက်ကရှေ့နေမှပြောခွင့်မရသေးဘဲ့ ပယင်းရောင်ဘက်မှ အရင်တင်ပြသည်။တရားဝင်ကွာရှင်းရခြင်း သည် ရှင်း၏ကျင့်ဝတ်ဖောက်ပြားခြင်းကြောင့်ဖြစ်ပြီး ပယင်းရောင်မှာနစ်နာသူဖြစ်ကြောင်း၊ ကော်ရုပ်လေးနဲ့သူ့ရဲ့ဆေးစစ်ချက်အထိ တရားရုံးဆီတင်ပြထားသည်။

Diary of Poinciana: Blue JacarandaWhere stories live. Discover now