45

159 4 2
                                    

ဆင်ခြေဖုံးရပ်ကွက်လေးထဲ ရှင်းတို့ဝင်လာခဲ့သည်။အမှိုက်တွေဟိုတစသည်တစ်စနဲ့ လမ်းပေါ်ရှိကလေးများကလည်းသူတို့ကို ထူးဆန်းစွာကြည့်နေကြပြန်သည်။ပြိုတော့မည့်တဲအိမ်လေးများကို တစ်အိမ်ပြီးတစ်အိမ်ဖြတ်ကျော်လာတော့ တောထူနေတဲ့ ခြံဝင်းကျယ်ကျယ်ထဲမှာ သက်ကယ်မိုးအိမ်လေးကိုတွေ့လိုက်ရသည်။အမိုးကတော့အခုမှပြန်ပြင်ထားသည်ဆိုသော်လည်း အိမ်ရဲ့ဝါးထရံများကတော့ ဆွေးမြေ့နေပြီ။

"ဦးလေး..အထဲဝင်ခွင့်ပြုပါ"

ပေါက်ပြဲနေသော ဦးထုတ်ကိုခြွတ်ပြီးသူတို့ကိုကြည့်နေသည့် ဦးလေးကြီးဆီတန်းတန်းမတ်မတ်သွားလိုက်သည်။

"ဘာကိစ္စလဲ ဘယ်သူတွေလဲ"

"ကျနော်က သော်ကမောင်ပါ။ ဒေါ်သော်တာမိုးရဲ့သားပါဗျာ။"

"အဲဒီတော့ ဒေါ်သ်ာတာမိုးကရော ဘယ်သူလဲ။"

"ဗျာ..!!"

အန်တီမိုးအမှုရဲ့မျက်မြင်သက်သေဟုသာဆိုသည်..အန်တီမိုးကိုသူလုံးဝမသိချေ။မည်သို့ပင် သူစိမ်းတွေဟုဆိုသော်ငြား အနည်းဆုံးတော့ သူသက်သေထွက်ဆိုပေးနေတဲ့အမှုရဲ့နစ်နာသူရဲ့နာမည်သိသင့်သည်ဟုရှင်းတွေးမိ၏။

"ဒေါ်သော်တာမိုးကိုမသိဘူးလား
သူ့ကိုသတ်တဲ့သူကိုခဗျားမြင်လိုက်တယ်ဆိုပြီးပြောတာလေ။ကျနော့်အမေကိုတောင် မသိဘူးလား.."

မောင်အသံလေးပိုပြီးမာထန်လာသည်။ထို့အတူ ရှေ့ကဦးလေးကြီးသည့်လည်းလက်များကနာမငြိမ်ဖြစ်လာသည်။

"ဟုတ်လား? ငါသတိမထားမိလို့ပါ။
ဒါနဲ့မင်းတို့နဲ့ပြောစရာစကားမရှိဘူးထင်တယ်..
ဘာလို့လာတာလဲ။"

"ကျနော်မေးစရာရှိလို့ပါ..ဦးလေးမြင်ခဲ့တဲ့သူက တကယ်ဘဲ ဦးကောင်းခေတ်ဟုတ်ရဲ့လားဆိုတာ တိတိကျကျသိချင်လို့"

"ငါမြင်တာငါပြောပြီးပြီလေ..ဘာကိုထပ်သိချင်တာလဲ။
မအားဘူး ပြန်ကြတော့.."

ထိုမျက်မြင်သက်သေဦးလေးကြီးသည် ဒေါသဖြင့်မောင်တို့အား ခြံဝင်းအတွင်းမှတွန်းထုတ်လေသည်။သံပန်းတံခါး
အပြင်မှနေ၍ မောင်လက်မလျော့ဘဲ ထပ်ခါထပ်ခါအော်ဟစ်နေသော်လည်း နည်းနည်းမှလှည့်မကြည့်ခဲ့ချေ။

Diary of Poinciana: Blue JacarandaWhere stories live. Discover now