39

69 4 0
                                    

Zawgyi

"ကွာရှင်းပြတ်စဲစာချုပ်"

စားပွဲပေါ်က စာရွက်က်ု တစ်စစီဆွဲဖြဲကာ အမှိုက်ပုံထဲပစ်ထည့်လိုက်သည်။ဥပဒေအရ နှစ်ဦးသဘောတူကွားရှင်းနိုင်သော်လည်း ကော်ရုပ်လေးအားအုပ်ထိန်းခွင့်ကိစ္စကို တရားရုံးတွင်ဖြေရှင်းမည်ဟု ရှင်းကအတိအကျပြောထားသည်။ နေရှင်းနောက် ဆုတ်သွားလေမလားဟု သူကောလဟာလသတင်းလွင့်လိုက်ပေမဲ့ တစ်နေ့မကူးသေးဘူး ဖျက်ချခံလိုက်ရပြီ။

companyရဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဦးလင်းရောင်ရှိန်နှင့်သူမ မပါဘဲ နေတမာန်က ဦးဆောင်ခဲ့သည်။ရှင်းဘက်ကရှယ်ယာရှင်တွေတော်တော်များများ နေတမာန်ကို နောက်တက်မည့် ဆက်ခံသူနေရာကို ထောက်ခံနေကြကြောင်းကြားမိပြီးနောက် နေရှင်းတစ်ယောက် နေတမာန်နဲ့ ပူးပေါင်းလိုက်ပြီဆိုတာ ပယင်းရောင်သိလိုက်သည်။

"ငါ့ကိုဒီလိုလုပ်တယ်ပေါ့။"

ယခုဆိုလျင် GMရဲ့ရှယ်ယာအများဆုံးဟာ ဒေါ်နန်းထိပ်ထားဖြစ်နေဆဲဖြစ်သော်လည်း နေရှင်းရဲ့ထောက်ခံမှုကြောင့် နေတမာန်က လုပ်ပိုင်ခွင့်အာဏာသည် ချက်ချင်းဆိုသလို အရှိန်အဟုန်ပြင်းလာသည်။ဦးကောင်းခေတ်ကကျေနပ်သော်လည်း ဦးလင်းရောင်ရှိန်နှင့် ပယင်းရောင်ကတော့မကျေနပ်နိုင်ကြချေ။
သူတို့နှစ်ဦးပေါင်းတာတောင် နေတမာန်ကိုမနိုင်တော့ပေ။

"ပယင်း ဘာဆက်လုပ်ချင်လဲ။"

"ဘာကိုလုပ်ရမလဲ ဒယ်ဒီ။
အခု သမီးဦးနောက်တွေခြောက်သထက်ခြောက်နေပြီ။"

"ဒါဆို ကွာရှင်းလိုက်.."

"ဘယ်လို!!"

"ကွာရှင်းလိုက်ပြီး နေရှင်းဆီက ကော်ရုပ်လေးရဲ့ အမွေဖြစ်တဲ့ ရှယ်ယာနှင့်ပိုင်ဆိုင်မှုတွေပါအရယူနိုင်ရင် နေတမာန်က ဘာမှမဟုတ်တော့ဘူး။"

"ကလေးကကော.."

"အဲဒါအရေးကြီးလို့လား..။
အခုလိုမှမလုပ်ရင် မင်းနှင့်ငါ လည်ပင်းညစ်ခံရမှာ။
ကလေးကို နောက်အင်အားရှိမှ ပြန်ခေါ်ရင်ရတယ်။"

ဦးလင်းရောင်ရှိန်ပြောတဲ့အတိုင်းလုပ်ရင်လည်း မဆိုးလှဟု ပယင်းရောင်ထင်မိသည်။ဘက်ပေါင်းစုံကနေ အတိုက်အခိုက်ခံနေရချိန် သူ့မှာအင်အားတစ်ခုတော့လိုသည်။ငယ်သေးတဲ့သားငယ်လေးကို သူ အားနာမိပေမဲ့ ဒီလုပ်ရပ်တွေအားလုံးကလည်း သားသားလေးအတွက်ဟုသာ သူခံယူထားသည်။

Diary of Poinciana: Blue JacarandaWhere stories live. Discover now