40

101 2 0
                                    

Zawgyi

အိမ်ကြီးရဲ့ကျွန်းလှေကားထစ်တစ်ထစ်ချင်း ပယင်းရောင်ဆင်းလာသည်။ပယင်းရောင်သည် ဒေါ်နန်းထိပ်ထားကို ဦးကောင်းခေတ်၏ စံအိမ်သို့ပြောင်းစေပြီး အိမ်အလုပ်သမားများကိုလည်းသူ့သဘောနဲ့သူပြောင်းပစ်ခဲ့သည်။ပယင်းရောင်တစ်ယောက် ထင်ရာစိုင်းနေခြင်းကို မည်သူမျှမတားမြစ်နိုင်။ဦးကောင်းခေတ်သည်လည်း ဦးလင်းရောင်ရှိန်ရဲ့လူဖြင့်သာပြည့်နက်နေသည့် GMကို ကိုင်တွယ်ဖို့ရာ ခက်ခဲကျပ်တည်းနေခဲ့ပြီ။

"မင်းဘာတွေကြံနေတာလဲ။
အဘွားကို အတင်းအကြပ် အဖေ့အိမ်ကိုပို့လိုက်တယ်ဆို။"

"ဟုတ်တယ်..ကျမပို့လိုက်တာ။ရှင့်အဘွားက သိပ်ကိုမာနထောင်နေလို့။ဒေါ်နန်းထိပ်ထားအင်အားကြီးတယ်ဆိုတာ ဘာကိုကြီးသလဲတော့ ကျမမသိဘူး..ဒို့ပါးတစ်ဖက်ကို ရိုက်လိုက်တဲ့အချိန်ကစပြီး ကျမအတွက်တော့ ဒီတိုင်းမသန်တဲ့အဖွားအိုတစ်ယောက်သာသာဘဲ။"

ဘာကွ  !  မင်း"

"ရှင်လိုချင်တာ ကွာရှင်းစာချုပ်မလား။
လုပ်မယ် ကွာပေးမယ်။"

"အခုအမြင်မှန်ရလာပြီပေါ့။"

"ထင်ချင်သလိုထင်ပါ။ဒါပေမဲ့ ကော်ရုပ်လေးရဲ့ ပိုင်ဆိုင်မှု အားလုံး ကျမကိုလွဲပေးပါ။"

နေရှင်းပြောစရာစကားများဆွံ့အသွားရသည်။အံ့သြလွန်းလှသဖြင့် ပါးစပ်ကလေးဟ၍သာကြည့်နေနိုင်တော့၏။

"မင်း အခုကလေးရဲ့အမွေကိုလောဘတက်နေတာလား။"

"လောဘတက်နေတာလို့မပြောပါနဲ့။ကျမရဲ့သားပါ..
ကျမစီမံပိုင်ခွင့်ရှိတယ်။အဲဒီလိုမလုပ်ချင်ရင် တစ်လောကလုံးအသိပေးလိုက်လေ..ကော်ရုပ်လေးက ရှင့်သွေးသားမဟုတ်ပါဘူးလို့.."

"ပယင်းရောင်...မင်းတော်တော်အောက်တန်းကျတဲ့မိန်းမ"
မင်းမို့လို့ ဒီစကားပြောထွက်တယ်"

"ကော်ရုပ်လေးသာ ရှင်က အဖေအရင်းမဟုတ်ဘူးဆိုတာ သိသွားရင် ဘယ်လိုနေမယ်ထင်လဲ။အဘွားရော..ရှင့်အဖေရော အဆင်ပြေပါ့မလား..အထူးသဖြင့် ရှင်ကရော။"

နောက်သို့တစ်ဖြေးဖြေးဆုတ်သွားတဲ့ရှင်းဆီကို ပယင်းရောင်ခြေလှမ်းခပ်စိပ်စိပ်လှမ်းလာသည်။နီရဲတောက်ပြောင်နေတဲ့ နုပ်ခမ်းပါးကိုမဲ့လျက် လက်နှစ်ဖက်ကိုယှက်ထားသည်။

Diary of Poinciana: Blue JacarandaWhere stories live. Discover now