2

517 21 0
                                    

Zawgyi

ရှင်း

ကျနော်​ မောင့်​ ကိုထားခဲ့ပြီး စာသင်​ခန်းထဲမှာ စာသင်​တာ စိတ်​မဖြောင့်​ဘူး...။လက်​က အပူလောင်​ဒဏ်​ရာကြီးနဲ့ ဟိုလျှောက်​သွားဒီလျှောက်​သွားနေမှာရော...ဒဏ်​ရာကြောင့်​လက်​ကိုက်​နေရင်​ အရမ်းနာနေမှာကိုရော စိတ်​ကစိုးရိမ်​နေတယ်​။ကျနော်​ တစ်​ယောက်​ယောက်​ကို စိုးမရိမ်​ဖူးပါဘူး..ကျနော်​ချစ်​တဲ့အဖွားကိုတောင်​ နေကောင်းလားလို့ တစ်​ချက်​မမေးဖူးဘူး။ဒါပေမဲ့ မောင့်​ ကိုတော့ နည်းနည်းလေးမှမထိခိုက်​စေချင်​ခဲ့တာ..

"ဟေ့...နေရှင်း......ရှင်း"

"ဟမ်​...ဗျာ.."

ကျနော်​ဘယ်​တုန်းကတည်းကအတွေးလွန်​နေမှန်းမသိဘဲ ရှေ့က Major ဆရာ သတိပေးမှ အသိဝင်​လာတယ်​။ဘယ်​စာမျက်​နာရောက်​သွားပြီလဲ..ဆိုတာတောင်​ ကျနော်​မသိခဲ့ဘူး။

"မင်းဘာဖြစ်​နေတာလဲ..နေမကောင်းဘူးလား"

ခွန်​ဟိန်းအပြောကို ဆရာရော..ကျနော့်​ဘေးက လူတွေရော စိတ်​ဝင်​စားစွာစောင့်​နေကြသည်​။ခွန်​ဟိန်းက အတန်းဖော်​ဆိုပေမဲ့ ကျောင်းတက်​လာတဲ့တစ်​လျှောက်​ အတူသွားအတူလာမလုပ်​ဖူးခဲ့ဘူး...။ကျနော်​ တစ်​ရင်းတစ်​နှီးပေါင်းတာ မောင်​ တစ်​ယောက်​ဘဲ။ကျနော်​နေကောင်းပါတယ်​..ဒါပေမဲ့ ကျနော်​သူငယ်​ချင်း ကိုစိတ်​ပူနေတာလို့..ဒီစကားကိုပြောရင်​..သူတို့ဘယ်​လိုထင်​မလဲ မသိဘူး။

"ဘာမှမဖြစ်​ပါဘူး..ကျနော်​ နောက်​ဆံတင်းနေတာလေးရှိလို့.."

"သြော်​...မနက်​က ရေနွေးအိုးကိစ္စလား.."(ခွန်​ဟိန်း)

"ဘယ်​လိုလုပ်​..သိ"

"ဟေ့ကောင်​..ကျောင်းထဲမှာမင်းကိုမသိတဲ့ သူတစ်​ယောက်​မှမရှိဘူး။ကလေးအစ ခွေးအဆုံးသိတယ်​...။မင်းကိုသိတဲ့သူများမှတော့ မင်းဘာဖြစ်​တယ်​ဆိုတာ အကုန်​သိပြီးသားဘဲ..
ဒါနဲ့ သော်​ကမောင်​ တော်​တော်​ထိသွားလို့လား.."(ခွန်​ဟိန်း)

Diary of Poinciana: Blue JacarandaWhere stories live. Discover now