20

248 13 0
                                    

Zawgyi

မောင်နဲ့ မာန် ပြန်လာတော့ ဆေးရုံရှေ့မှာ ရှင်းကိုတွေ့လိုက်ရရသည်။ ကားမှတ်တိုင်မှာထိုင်နေတဲ့သူကို မောင်ကြည့်ရင်း

"ကိုကိုကြီး..မေမေ့ဆီအရင်သွားနဲ့ပါလား။ကျနော် လိုက်လာခဲ့မယ်။"

မာန့်ရဲ့မျက်နာတစ်မျိုးဖြစ်သွားခဲ့ပေမဲ့ သူပြောတာ မငြင်းခဲ့။ကားထဲကနေ ထွက်ပြီး ရှင်းထိုင်နေတဲ့မှတ်တိုင်လေးဆီ သူလာခဲ့တော့သည်။

"ရှင်း.."

မောင်သည် ရှိသမျှတဲ့အားအင်သုံးပြီးပြုံးပြလိုက်မိတယ်။

"အင့်..!"

"ရှင်း လူတွေ.."

"ခဏပါဘဲ..ခဏလောက်ဒီလိုနေပေး။"

ရှင်းရဲ့တောင်းဆိုမှုကြောင့် မောင်ငြိမ်ငြိမ်လေးနေနေမိသည်။သူကိုယ်တိုင်ကလည်း ရှင်းရဲ့ခါးကိုလက်နှစ်ဖက်နဲ့ပွေ့ဖက်လျက်ပင်။

"ဘယ်ကပြန်လာတာလဲ။မောင့်မေမေအခြေအနေကရော.."

"စောင့်ကြည့်ရမယ်တဲ့"

"ရှင်းစုံစမ်းထားတယ်..အန်တီမိုးရဲ့အခင်းဖြစ်ချိန်မှာ မျက်မြင်သက်သေတစ်ယောက်ရှိတယ်တဲ့။ဒါပေမဲ့ စစ်ကြည့်လိုက်တော့ ဘယ်သူဆိုတာ မရေရာဘူး..ရဲစခန်းကိုအကူအညီတောင်းပေမဲ့ CCTVက ဝါးနေတယ်.."

ရှင်းသည်လည်း သူ့အတွက်ပြေးလွားနေခဲ့မှန်း မောင်သိလိုက်သည်။

"ရှင်း..မောင့် ဆိုင်ကယ်ပတ်စီးချင်တယ်။"

"!ဟမ်..အခုလား"

ရုတ်တရက်ပြောလာသောမောင့်ကြောင့် သူကြောင်အသွားမိသည်။

"လုပ်ပေးမယ်ဆို ..မောင့်သဘောဆို။"

"ကောင်းပါပြီဗျာ...မင်းလေးကိုမငြင်းရဲပါဘူး။တက်.."

ရှင်းရဲ့ကျောထက်ကိုမျက်နာအပ်ကာ ခါးကိုပွေ့ဖက်ထားမိသည်။အသက်တစ်ခါရှူထုတ်လိုက်တိုင်း ရင်ဘတ်အစုံက သေမတတ်နာကျင်နေမိတာ ရှေ့က ရှင်းတစ်ယောက်သိနိုင်မယ်မထင်။ရှိုတ်သံမဲ့သော ငိုကြွေးခြင်းနဲ့ အရင်ကထက် ပိုမိုတင်းကျပ်စွာပွေ့ဖက်ထားမိပြန်သည်။ဤလူသားကို သူလက်မလွတ်ချင်ပေမဲ့ သူဖြစ်သင့်တာကိုရွှေးချယ်ရမည်မလား။

Diary of Poinciana: Blue JacarandaWhere stories live. Discover now