7

317 17 3
                                    

zawgyi

ရှင်း

တောင်ကြီးမှာရှိတဲ့ ဖွားနန်းရဲ့ အပန်းဖြေအိမ်ရာ အတွင်းကိုကျနော်ဝင်လာတယ်။အိမ်ရှိရဲ့သားနဲ့ အဆောင်မှာဘာဖြစ်လို့နေသလဲလို့ ထင်ကောင်းထင်ကြလိမ့်မယ်။ကျနော့်အတွက် အိမ်ဟာ လှောင်ချိုင့်တစ်ခုလိုပါ..။ခြံစောင့်ဖွင့်ပေးတဲ့သံတံခါးမကြီးကိုဖြတ်ပြီး ဝင်လာတော့ ဖွားနန်းရဲ့ရှေ့နေဦးမင်းနိုင်က စောင့်နေတယ်။

"သခင်လေး..ကြိုဆိုပါတယ်။"

"ခဗျား မကြိုဆိုလည်း ကျုပ်ဝင်လာလို့ရတာဘဲ။အရေးမပါတာတွေ.."

ရှင်းပြောလိုက်သောစကားကိုဦးမင်းနိုင်သဘောကျစွာပြုံးလိုက်သည်။သခင်လေးရဲ့ ဂျစ်ကပ်ကပ်အကျင့်က မတွေ့ရတဲ့အတောအတွင်းလုံးဝမပြောင်းသွား..

"ဟေ့ ခဗျားဘာတွေတွေးနေတာလဲ။"

"ဟမ်..မဟုတ်ပါဘူး။"

"မဟုတ်ရင် အဲဒီမိန်းမဘယ်မှာလဲ..။အထဲမှာရှိနေတာလား.ဖွားနန်းနဲ့အတူ.."

ကျနော်ကို့ ဦးမင်းနိုင်က အိမ်ရဲ့ဒုတိယထပ်က ဧည်ဆောင်ကြီးထဲခေါ်သွားတယ်။အခန်းရှေ့မှာအလှထားထားတဲ့ ရှမ်းအိုးစည်ကြီးကိုကွေ့ဝိုက်လိုက်တော့..ဆယ်တီခုံရဲ့ ထိပ်ဆုံးခုံမှာ ကျနော့်အဖွားထိုင်နေခဲ့တယ်။

"မြေး...!!!"

ကျနော်ဖွားကိုမြင်တော့ နှစ်နှစ်ခြိုက်ခြိုက်လေးပြုံးလိုက်မိတယ်။ကျနော့်ဘဝမှာ အရေးပါဆုံးသောသူဆိုရင် မောင်နဲ့ ဖွားနန်းပါဘဲ။တုန်တုန်ရီရီနဲ့ ကျနော့်ဆီကိုလာနေတဲ့ဖွားနန်းကို ဆီးကြိုပွေ့ဖက်လိုက်ပါတယ်။

"မြေးလေး.!.ကြည့်ပါဦး။မင်းနိုင်က လူတွေခေါ်သွားတယ်လို့ပြောလို့ ဖွားကစိတ်ပူလိုက်ရတာ.."

"ဖွားနန်းကလည်း အပိုတွေလုပ်နေပြီ။
ဘယ်တုန်းက ကျနော်ခံရတယ်ဆိုတာရှိလို့လဲ.."

ကျနော်ခြေထောက်တစ်ဖက်ချိပ်ထိုင်လိုက်ပြီး လက်ထဲက ဖုန်းကိုဘဲကလိနေတယ်။

"မြေး..သမီးလေးယင်းက စလုံးကနေ ပြန်လာတော့မှာ။အဲဒါဖွားနဲ့ မြေးကိုအရင်တွေ့ချင်လို့ ဆက်သွယ်တာတဲ့။ဘယ်လောက်တောင်လိမ္မာလိုက်သလဲ။သမီးလေး ယင်းကလေ.."

Diary of Poinciana: Blue JacarandaWhere stories live. Discover now