42

84 3 0
                                    

Zawgyi
"ဗျာ..အခုလာခဲ့ပါမယ်။ကျေးဇူးပါခဗျာ"

ည ၇နာရီအချိန် ရဲစခန်းမှ မေမေ့အမှု သက်သေကလာရောက်ဝန်ခံကြောင်းသတင်းကြားလိုက်ရချိန် မောင် ကုတင်ပေါ်ကထကာ အင်္ကျီထူကြီးကိုကောက်ဝတ်လိုက်သည်။ ဗီရိုထဲကရှူးဖိနပ်ကိုထုတ်ကာ ကြိုးချည်နေတုန်း ရှင်းက အခန်းထဲဝင်လာသည်။

"မောင် ဘယ်သွားမလို့လဲ။ဒဏ်ရာကကောင်းသေးတာမဟုတ်ဘူး

"မေမေ! မေမေအမှုက သက်သေတွေ့ပြီတဲ့။ငါသွားရမယ်"

သူ့အားရှောင်ကာထွက်သွားဖို့လုပ်နေတဲ့မောင့်ရဲ့ပုခုံးကိုပြန်ဆွဲယူရင်း

"ဒဏ်ရာနဲ့ကားဘယ်လိုမောင်းမှာလဲ။ နောက်ပြီး ဆေးရုံကမဆင်းသေးဘဲ လူနာအပြင်ထွက်သွားရင် ဆရာဝန်ကြီးပြောလိုက်မယ်"

"ဂရုမစိုက်ဘူး။ မင်းမလွတ်ရင်တောင် ငါကသွားမှာဘဲ။ အခုမှ ငါ့အမေအမှု မျော်လင့်ချက်လေးရောင်နီသန်းလာတာ.."

"နှစ်ယောက် သွားလိုက်ပါ။ခနလေးဘဲမလား.."

"နေလင်း..."

ဂျူတီကုဒ်အဖြူရောင်ဝတ်ကာ အခန်းတံခါးကိုမှီရပ်နေသောဆရာဝန်ကြောင့် မောင် အံ့သြသွားရသည်။တစ်ခါမှလည်းမမြင်ဖူးသလို သူနဲ့လည်းမရင်းနှီးပေမဲ့ သူ့အကြောင်းအားလုံးသိနေသယောင်ခံစားရသည်။

"ငါ့ညီလေ..ဒေါက်တာနေလင်းခေတ်"

ရှင်းရဲ့ညီဟုသိလိုက်ရပြီးနောက် မောင်နူးနူးညံ့ညံ့ပြုံးပြလိုက်သည်။

"ကျနော် တကယ်သွားလို့ရလား။"

"၁၁မထိုးခင်ပြန်ခဲ့ပါ။ ၁၁ထိုးကျော်ရင်တော့ ဆရာဝန်ကြီးတွေ လောင်းလှည့်မယ်ကြားတယ်။ကိုလတ်လည်းလိုက်သွားလိုက်လေ။ကလေးကိုကျနော်ခေါ်သိပ်ထားလိုက်မယ်။ခဗျားရဲ့အုပ်ထိန်းသူလာရင်လည်း ကျနော်ပြောလိုက်ပါ့မယ်။"

"ကျေး ကျေးဇူးပါခဗျာ။"

"အဆင်ပြေပါတယ်။နောက်ပြီး လျို့ဝှက်ချက်နော်..ဒါဆေးရုံစည်းကမ်းနဲ့မညီဘူး။သိရင် ကျနော်ပြုတ်သွားနိုင်တယ်.."

နေလင်းတစ်ယောက်အိပ်နေတဲ့ကလေးအားချီပြီးထွက်သွားတာနဲ့ မောင့်လက်ကိုဆွဲပြီး ကားရှိရာကိုထွက်ခဲ့သည်။မောင်ကတော့လူမိသွားမည်ကိုစိုးရိမိသည့်အလား သူ့လက်ကိုတင်းကိုင်းဆုတ်ကိုင်ကာ ကားဆီရောက်တဲ့အထိ ကပ်လိုက်လာသည်။

Diary of Poinciana: Blue JacarandaWhere stories live. Discover now