5

332 15 6
                                    

Zawgyi

အလယ်​တန်း ပညာရည်​ချွန်​ဆုပေးပွဲ..တွင်​ ရှင်း တတိယဆုသာရခဲ့သည်​။အရည်​အချင်းစစ်​မှတ်​တမ်းတွင်​ မင်​နီတားခံရလို့..။လွန်​ခဲ့တဲ့တစ်​ပတ်​မှာ.. ကျောင်းသားအချင်းချင်းရန်​ဖြစ်​တာကြောင့်​ စည်းကမ်းကြီးသည့်​ သူတို့ private schoolရဲ့ကျောင်းအုပ်​က အပြစ်​ပေးလိုက်​ခြင်းဖြစ်​သည်​။ဒါကို အဖေမသိခဲ့...

"မင်းက မင်​နီတားခံရတယ်​ပေါ့..ဟုတ်​လား.."

"ဖေဖေ ကျနော်​.."

"Green Mountain..ရဲ့ ဆက်​ခံသူ..တစ်​ဦးတည်းသောသား က ကျောင်းမှာ ရန်​ဖြစ်​လို့ မင်​နီတားခံထိတယ်​တဲ့..။ပိုပြီးဂရုစိုက်​ဖို့ မလုံလောက်​တာတောင်​ မင်းက အဖေမျက်​နာကို အိုးမဲသုတ်​တယ်​ပေါ့..။ဒီနေ့ပါတီမှာ ငါဘယ်​လောက်​အရှက်​ရခဲ့လဲသိလား..မင်းအကြောင်းကို မင်းအတန်းဖော်​တွေက သူတို့မိဘတွေကိုပြန်​ပြောပြခဲ့တာတဲ့။"

"တောက်...မင်းလက်ပါခဲ့တာ ငါ့လုပ်ငန်းကိုထိခိုက်စေတယ်ကွ။ငါ့မင်းကြောင့်​ မျက်​နာဘယ်​အပေါက်​ကထားရမလဲမသိဘဲ ရှက်​ရှက်​နဲ့ပြန်​လာခဲ့ရတယ်​..နေရှင်း"

"ဖေဖေ ကျနော်​တောင်းပန်​ပါတယ်​။နောက်​ မလုပ်​တော့ပါဘူး.."

သူ ဒူးထောက်​ကာ ငိုယိုတောင်းပန်​နေသည်​။သို့သော်​ ဖေဖေကအလျှော့ပေးမဲပုံမပေါ်။ဒါကသူ့ရဲ့ပထမဆုံးအကြိမ်​မဟုတ်​ပေ။သူအမှားတစ်​ခုခုလုပ်​မိလျှင်​ အဖေက ရိုက်​နက်​ဆုံးမနေကျ..ကြာတော့ သူ အရေတောင်​ထူလာပြီ။

"မင်း...နောက်​ထပ်​လုပ်​ဦးမလား.."

"မ..မလုပ်​..တော့ပါဘူး.."

"တော်​ပါတော့ ကိုကောင်း..ရှင်​ဘက်​ဘဲတွေးပြီး သားကို မရိုက်​ပါနဲ့..။သားက အကြောင်းမဲ့ရန်​ဖြစ်​တတ်​တဲ့သူမှမဟုတ်​တာ..သူ့ကိုပြောခွင့်​ပေးလိုက်​..."

"တော်​စမ်း...မိသံသာ..မင်းအထိန်းအသိမ်းမတတ်​လို့ ဖြစ်​တာ။သားအမိနှစ်​ယောက်​လုံး စောက်​သုံးကိုမကျဘူး။အေ..မင်းက သူ့ဘက်​ပါတယ်​ဆိုတော့ မင်းလည်းအမှားမကင်းဘူး.."

Diary of Poinciana: Blue JacarandaWhere stories live. Discover now