9

278 16 0
                                    

Zawgyi

ရှင်း

နွေနေ့က တစ်နေ့ထက်တစ်နေ့ပို ပီပြင်လာခဲ့တယ်။အခုဆိုရင် ကျနော်တို့ တက္ကသိုလ်ရဲ့ပထမနှစ်ဝက်ဖြေဖို့တောင်အချိန်နီးလာခဲ့ပြီ။စာကဟိုလည်လည်ဒီလည်လည်ဖြစ်ရတဲ့အထဲ မောင့် ဆီဘဲရောက်နေတဲ့စိတ်ကြောင့် အာရုံတွေစုစည်းလို့မရခဲ့ဘူး။

ကျနော်အတန်းချိန်ပြီးခါနီးလေးထွက်လာခဲ့တယ်။မိုင်းပွန်ဆောင် အနောက်ကနေ ထွက်လာခဲ့ရင်း ဒေစီပန်းပွင့်နေတဲ့လျှောက်လမ်းအတိုင်လာခဲ့တော့ ဆိုင်ကယ်စတန်းရဲ့ဘေးစိန်ပန်ပင်ရဲ့အောက်က ခုံတန်းလေးမှာမောင်ထိုင်နေခဲ့တယ်။

"မောင်....နောက်ကျသွားလား။"

"ဟင့်အင်း"

ကျနော်တို့နှစ်ယောက် ခုံတန်းရဲ့ဟိုဘက်သည်ဘက်မှာထိုင်နေတာ မိနစ်ဝက်လောက်ရှိပါပြီ။ကျနော်ဘာစပြောရမှန်းမသိတာနဲ့ သက်ပျင်းသာတွင်တွင်ချနေမိတယ်။

"ရှင်း..မင်းဘာဖြစ်တာလဲ။"

မေးလာတဲ့မောင့်ကိုကြည့်လိုက်တော့ ကျနော်ကိုစိုက်ကြည့်နေတယ်။

"ဟို...မနေ့ညက...တောင်းပန်ပါတယ်။ဒါက မောင့်ကိုတောင်းပန်တစ်ကားကလွဲမပြောတတ်တော့လို့။"

"တော်ပါသေးတယ်..တောင်းပန်စကားမပြောတော့ဘူးထင်နေတာ။ဘာဘဲဖြစ်နေနေ ငါတို့က ဒီလိုမှမလုပ်သင့်တာလေ။"

မောင့်ခေါင်းလေးအောက်စိုက်ရင်း စကားသံတို့က တိုးတိတ်သွားခဲ့တယ်။မောင်တွေးနေတာကျနော်သိပါတယ်။သူနဲ့ကျနော်က ယောကျာ်းလေးတွေလေ..သ့အနေနဲ့ဝေခွဲရခက်မယ်ဆိုတာ ကျနော်သိပြီးသား။ကျနော်မောင့်ကို ငေးရင်း ပြုံးမိလိုက်တယ်။

"ဘာလို့ရယ်တာလဲ။"

"ဒီတိုင်း..သဘောကျလို့။ဒီလိုအတူတူထိုင်နေရတာလေးကိုသဘောကျတယ်။စိန်ပန်းတွေကြွေနေတာလဲသဘောကျတယ်။မောင့်ကိုလည်း သဘောကျတယ်။"

မောင့်မျက်နာလေးရဲတက်သွားတာကျနော်သိလိုက်တယ်။

"!!ငါ....ငါ...သွားတော့..မယ်။"

ရှက်ရှက်မဲ့ထပြေးဖို့လုပ်နေတဲ့ မောင့်ရဲ့လက်မောင်းကိုဆွဲလိုက်တော့ သာသာယာယာလေးကျနော့်အနားပါလာခဲ့တယ်။သဘောကျတယ်ဆိုတဲ့တစ်ခွန်းဘဲပြောလိုက်တာ မောင့်ခန္တာကိုယ်လေးက တဆပ်ဆပ်တုန်ခါနေပြီ။မောင်က တစ်ကယ့်ကို အရိုင်းတုန်းလေးဘဲ။

Diary of Poinciana: Blue JacarandaWhere stories live. Discover now