21

153 9 2
                                    
Zawgyi

မောင်ထိုင်စောင့်နေသည့် ဆိုင်လေးထဲကို ခွန်ဟိန်းနဲ့ နန်းစံဝင်လာခဲ့သည်။မနက်ပိုင်း နန်းစံဆီဆက်သွယ်ပြီး သူနဲ့တွေ့ချင်ကြောင်းသိရသဖြင့် နှစ်ယောက်သား လာခဲ့ခြင်းဖြစ်သည်။

"ညီလေး..အကိုတို့ကိုတွေ့ချင်လို့ဆို။"

"ဟုတ်ကဲ့.."

မမြင်ရတာရက်ပိုင်းလောက်သာရှိသေးသော်လည်း သော်ကမောင်ရဲ့မျက်နာက ပိုပိန်သွားသည်ဟု နန်းစံမှတ်ချက်ချလိုက်သည်။

"သော်က..အားတ

"သော်က..အားတင်းထားနော်"

နန်းစံအားပေးစကားကိုမောင်က ကျေကျေနပ်နပ်ပင်လက်ခံသည်။

"အကိုတို့တစ်ယောက်ကိုခေါ်တာ ဒါလေးပေးချင်လို့ပါ။"

စာအိတ်လေးတစ်အိတ်ကို သူတို့နှစ်ယောက်လက်ထဲထည့်ပေးသည်။သူတို့ကိုပေးတာတော့ မဖြစ်နိုင်။

"ရှင်းအတွက်လားညီလေး။"

"ဟုတ်ကဲ့..အခုတစ်လော သူကျောင်းမလာဘူးကြားတယ်။"

"မပြောပါနဲ့တော့..အခန်းထဲကနေ အပြင်ကိုမထွက်ဘူး။အကိုလည်း ပြောလို့မရတာနဲ့.."

"တောင်းပန်ပါတယ်...ကျနော်က သူ့အပင်ပန်းရဆုံးအချိန်မှာ ဘေးမှာမရှိပေးနိုင်လို့။"

"အကိုတို့နားလည်ပါတယ်။"

"ကျနော် ထွက်သွားတော့မလို့။မေမေ့ရဲ့နောက်ဆုံးဆန္ဒအတိုင်း စင်ကာပူကို ကိုကိုကြီးနဲ့လိုက်သွားတော့မယ်။"

ခွန်ဟိန်းနဲ့ နန်းစံအံ့သြသွားမိသည်။

"ကျောင်းကရော..တန်းလန်းကြီးလေ.."

Diary of Poinciana: Blue JacarandaWhere stories live. Discover now