12

227 10 3
                                    

Zawgyi

သင်္ကြန်အကျနေ့...

ကလောတစ်မြို့လုံး အုံးအုံးကြွပ်ကြွပ်ရေပတ်ခံထွက်ဖို့ပြင်နေကြသည်။ဆိုင်ကယ်လေးတွေနဲ့ ကားလေးတွေနဲ့တောင်ကြီးကိုဆင်းကြတဲ့လူငယ်တွေ..ဘုရားကျောင်းကန်သွားတဲ့လူကြီးတွေနဲ့ အိမ်ရှေ့လမ်းကစည်ကားနေသည်။မောင်တို့ကလည်းအိမ်ရှေ့က သက်ငယ်မိုးထားတဲ့တဲငယ်လေးမှာ မုန့်လုံးရေပေါ်လုပ်နေကြသည်။

"မောက်မို..ကောက်ညင်းမုန့်နယ်တာမပြီးသေးဘူးလားဟ.."

မောင်နဲ့ ခွန်ကြာစိတ်မရှည်လို မေးလိုက်သည်။

"ပြီးပြီ..နင်တို့ကလည်းဖြေးဖြေးပေါ့။"

"ဒါနဲ့..ရှတ်တီး နင့်အရိုင်းတုံးလေးရော...မခေါ်ထားဘူးလား"(ဆန်ငင်မ်းဆိုင်)

"အဲလို့မခေါ်နဲ့လေ။ရှင်းက အဆိုးပါဘူး..လိမ္မာပါတယ်။"

"တွေ့လားတွေ့လား..သူ့ကောင်ဘက်ဘဲသူပါတာ။"(ခွန်ကြာ)

"စကားမများနေကြနဲ့..။ငါမီးဖိုချောင်ထဲသွားလိုက်ဦးမယ်။"

မောင်ကသူတို့ကိုထားခဲ့ပြီး မီးဖိုချောင်ထဲဝင်လာသည်။ဗီဒိုထဲက ကောက်ညင်းမုန့်ပိုနေတာတွေယူနေတုန်း အနောက်ကနေ ရေလောင်းလိုက်တာမို့ အထိပ်တလန့် မတ်တတ်ရပ်လိုက်မိသည်။

"ကိုကိုကြီး..ဘယ်လိုလုပ်ရောက်လာတာလဲ။"

"အန်တီမိုး ပြောလို့။သော်လေးကွာ..ကိုယ်ကိုတော့အသိပေးသင့်တာပေါ့။အခုက ပလစ်သလိုခံစားရတယ်။"

"မဟုတ်ပါဘူး..ကိုကိုကြီးက အလုပ်များတယ်လေ။"

"အဟက်..ဟိုကောင်ကျတော့ မများဘူးဆိုတဲ့သဘောပေါ့။"

"ကိုကိုကြီး..!!"

"တော်ပါတော့ သော်လေး။နေရှင်းက သော်လေးရဲ့ချစ်သူဆိုရင်တောင် ကိုကိုကြီးလက်လျှော့မှာမဟုတ်ဘူး။ဖြေးဖြေးပေါ့..အချိန်တန်ရင် သော်လေးက ကိုကိုကြီးအနားမှာဘဲနေရမှာပါ။"

မောင် တော်တော်လေး စိတ်ရှုတ်သွားမိသည်။သူ ကိုကိုကြီးကို ချစ်ခင်တာ အကိုရင်းတစ်ယောက်ထက်ပိုလို့ မရပေ။ဘယ်လိုပြောပါစေ ကိုကိုကြီးကလည်း အလျှော့မပေး။မောင်အငိုက်မိနေခိုက် မောင့်နာဖူးလေးနွေးသွားပြန်သည်။မောင်အငိုတ်မိနေခုက် နာဖူးလေးကိုနမ်းတတ်သည်မှာ မာန့်ရဲ့အကျင့်တစ်ခုဖြစ်နတော့သည်။

Diary of Poinciana: Blue JacarandaWhere stories live. Discover now