1

1K 28 1
                                    


ဇန်​နာဝါရီလ နွေရာသီ မနက်​ခင်း..

မနက်​ ၆နာရီ တောင်​ကြီးမြို့ရဲ့ မနက်​ခင်းကတိတ်​ဆိတ်​နေတယ်​။ မြို့ဘဲတိတ်​ဆိတ်​တာပါ..ကျနော်​တို့ ပန်းပျိုးလက်​ယောကျာ်းလေးအဆောင်​ဘေးက တစ်​ခြားအဆောင်​တွေမှာ စာကျက်​သံတွေညံနေကြပြီ။ကျောင်းဖွင့်​တာ ဘယ်​လောက်​မှ ကြာသေးဘူး..စာကျက်​နေကြတာ ရူးများနေသလားလို့ ကျနော်​တွေးလိုက်​ရင်း ပြန်​ပြီး အိပ်​စက်​ခြင်းဆီသို့ဦးတည်​လိုက်​တယ်​။

"နေက အနောက်​ကိုဝင်​တော့မယ်​..အခုထိ ကာလနဂါးရဲ့ သားတော်​လုပ်​နေတုန်း..မနိုးရင်​မြေးမြစ်​ရတဲ့အထိများအိပ်​နေမလားမသိဘူး"

မနက်​တိုင်း ဒီကာလနဂါးရဲ့သားတော်​ဆိုတဲ့ စကားနဲ့ အမြဲသတ်​ပုတ်​နိုးနေတဲ့သူကြောင့်​ မထချင်​ဘဲထရတဲ့နေ့ပေါင်းများနေပြီ။အခုလည်း..ကုတင်​ပေါ်ကနေကန်​ချလိုက်​ပြန်​ပြီ..ကျနော်​စိတ်​တိုတိုနဲ့ စောင်​ကိုပြန်​ဆွဲပြီးခေါင်းမြီုးခြုံလိုက်​တယ်​..

"ထလို့ပြောနေတယ်​နော်​ မောင်​သော်​ကမောင်​..ရှတ်​တီး
မင်းမထရင်​ ဒီနေ့ကျောင်းသားရေးရာရောက်​အောင်​ ရန်​သွားဖြစ်​မှာ.."

သူ့စကားကြောင့်​ ကျနော်​ ငေါက်​ခနဲထထိုင်​လိုက်​ရတယ်​။သူရန်​ဖြစ်​မှာ ကျနော်​မကြိုက်​ဘူးဆိုတာ သိလို့ သက်​သက်​မဲ့ ပြောတာ..ဒါပေမဲ့ မထလို့မရဘူး။သူက တစ်​ကယ်​လုပ်​တာ..

"ကဲထမယ်​..ထမယ်​..မနက်​ကတည်းက ပူညံပူညံနဲ့..ပါးစပ်​ကို မော်​တာတတ်​ထားသလားမှတ်​ရတယ်​.."

နှစ်​ထပ်​ကုတင်​ ရဲ့အောက်​ကုတင်​မှာအိပ်​တဲ့ကျနော်​ ထလိုက်​တော့ အပေါ်ကုတင်​ရဲ့ဒန်းနဲ့ ကျနော်​ခေါင်းက ဝင်​ဆောင့်​လိုက်​တယ်​။ထုံးစံအတိုင်းပါ..ဒါက မနက်​တိုင်းလုပ်​နေကျ တာဝန်​တစ်​ခုလိုဘဲ..

"အ...နာလိုက်​တာ..!"

"ဖြစ်​ပြန်​ပြီ..မင်းဟာက တစ်​ခါလည်းမကတော့ဘူး..နေဦး..တစ်​နေ့လောက်​ ဒီကုတင်​ကြီးကို ရိုက်​ချိုးပစ်​ဦးမယ်​.."

Diary of Poinciana: Blue JacarandaWhere stories live. Discover now