•15•

244 30 2
                                    

"Boss... ဟိုနေ့ည
Phoenix ဂိုဏ်းနဲ့အရောင်းအဝယ်လုပ်တဲ့ဂိုဒေါင်ကတစ်ဆင့်ရဲ
တွေကျွန်တော်တို့ကိုအနံခံမိတယ်
လို့သတင်းရပါတယ်.."

အနီရောင်ကတ္တီပါစနဲ့သေနတ်
ကိုသေချာသုတ်နေတဲ့ မင်ဟိုရဲ့
လက်တွေလှုပ်ရှားမှုရပ်တန့်သွား
သည်...။
ပြီးနောက် သေနတ်နဲ့ကတ္တီပါစကို
ရှေ့ကပြောင်လတ်နေတဲ့အနက်
ရောင်စားပွဲပေါ်ကိုသာသာယာယာ
တင်လိုက်ကာ.....

"အဲတော့...ခုအခြေအနေက
ဘယ်လိုလဲ.."

တည်တည်ငြိမ်ငြိမ်နဲ့တည်ကြည်
လှတဲ့ မင်ဟို ကထိုင်ခုံလက်တင်
ပေါ်လက်ညိုးနဲ့တတောက်တောက်ခေါက်ရင်းမေးသည်...။

"အဲဒီမှာကျန်ခဲ့တဲ့သဲလွန်စကရဲ
လက်ရောက်သွားပြီး မျက်မြင်
သက်သေလည်းရှိနေတယ်လို့
သတင်းရပါတယ်..."

"ကျစ်!.."

မင်ဟို စိတ်ပျက်စွာစုပ်သပ်ရင်း
မျက်ခုံးတွေကိုကျုံ့ပစ်သည်...။
ဒီအလုပ်ကိုလုပ်လာတာနှစ်တွေ
လည်းမနည်းတော့ဘူး..။
အဲဒီအတောအတွင်းဘာမှတောင်
ဖြစ်ခဲ့တာမဟုတ်ဖူး...။
ဒီလိုတွေဖြစ်လာတာ အဲဒီနေ့က
သဘောင်္ဆိပ်မှာဖြစ်ခဲ့တဲ့
ပေါက်ကွဲမှုကြောင့်....။
ခါတိုင်းဆိုရင် သဲလွန်စတွေကျန်မ
နေအောင်စိစိစစ်စစ်လုပ်ပေမယ့်
အဲဒီ့ပေါက်ကွဲမှုကြောင့်သက်ဆိုင်ရာရဲတွေကရောက်လာတာ
ကြောင့်သာကမန်းကတန်းထွက်
လာခဲ့ရတာ...။
ကျစ်!..တိုက်တိုက်ဆိုင်ဆိုင်
အဲဒီနေ့မှလားကွာ...တောက်!..။

"ရဲလက်ရောက်သွားတဲ့သဲလွန်စ
ကတော့ထားတော့.....
မျက်မြင်သက်သေကို
တော့မင်းတို့စုံစမ်းပြီးငါ့ကိုတင်ပြ
ကြ.."

"ဟုတ်ကဲ့.."

°°°°°

ပန်းခြံကထိုင်ခုံလေးမှာဂျွန်မြောင်
ထိုင်စောင့်နေတာနာရီဝက်လောက်ရှိပြီ...။
မျှော်နေတဲ့ဆယ်ဟွန်းကရောက်မ
လာသေးဘူး...။
ခါတိုင်းဆိုရင်အမြဲအချိန်တိကျ
တဲ့သူကခုနေ့မှဘာလို့များ...။
ဘယ်လိုပဲဖြစ်ဖြစ်ဆယ်ဟွန်း
အရောက်လာမည်ကိုဂျွန်မြောင်
သိနေ၍ ထိုနေရာမှတစ်ဖဝါး
မှမခွာဘဲထိုင်စောင့်နေလိုက်သည်...။
အရမ်းအေးလာပြီဆိုရင်လည်း
လည်ပင်းကမာဖလာလေးကို
စိစိလေးလုပ်ပြီးကိုယ်လေးကိုကျုံ့
လက်မောင်းနှစ်ဖက်ကိုပွတ်ကာ
အအေးသက်သာအောင်လုပ်ရင်း
ရောက်လာမည့်သူကိုစောင့်
နေရသည်....။
နာရီလက်တံတွေကတရွေ့ရွေ့
နဲ့လည်ပတ်နေသလိုအချိန်တွေက
လည်းတဖြည်းဖြည်းနဲ့ကုန်ဆုံး
လာပြီ...။
နှစ်နာရီတောင်ရှိပြီထင်တယ်..။
ဂျွန်မြောင် ဆယ်ဟွန်းကိုအဲ့ဒီ
နေရာလေးမှာပဲထိုင်စောင့်နေတာ
နှစ်နာရီရှိပြီ...။
ဒါပေမယ့် ဆယ်ဟွန်းကအရိပ်
အယောင်လေးတောင်ပေါ်
မလာသေးဘူး....။
နှင်းတွေကျမနေပေမယ့်ကိုးရီးယားရဲ့ဆောင်းရာသီကအားလုံး
လည်းသိတဲ့အတိုင်းပဲ...။
အရမ်းအေးတာမလား..။
အဲဒီလိုရာသီဥတုမှာနေရာကမရွေ့
ဘဲနှစ်နာရီလောက်ထိုင်နေရတော့
ဂျွန်မြောင်အရမ်းအေးနေပြီ..။

မင်း!...[COMPLETED]Where stories live. Discover now