တစ်ညလုံးအိပ်ရေးပျက်ထားတော့
အိပ်ရာပေါ်လှဲရုံရှိသေး မှေးခနဲအိပ်ပျော်
လို့သွားသည်။
ဘယ်လောက်ထိအိပ်ပျော်သွားသည်မသိ။
သူနိုးလာတော့ သူ့ကောင်လေးက
သူ့ကုတင်ဘေးထိုင်ကာကုတင်ပေါ်မှာ
ခေါင်းတင်လို့အိပ်ပျော်နေ၏...။
သူအမြန်ထကာ အချစ် ကိုအသာလေး
လှုပ်နိုးလိုက်သည်...။"အချစ်....အချစ်...."
ပုခုံးလေးကိုအသာလှုပ်နိုးတော့ အချစ် က
ခေါင်းထောင်လာသည်....။"အော်.....ဟွန်းနိုးနေပြီလား...."
အိပ်ချင်မူးတူးမျက်နှာပေါက်နဲ့သူ့အား
မေးလာသောအချစ်ကိုဖြစ်နိုင်လျှင်ခေါင်း
ကိုခပ်နာနာလေးထုပစ်လိုက်ချင်သည်....။
အခု အချစ်က အချစ်ရဲ့အခြေအနေကို
မေ့လျှော့နေတာလား....။
အားလုံးနီးပါးကောင်းနေတဲ့ သူ့ကိုတောင်
ဒီလိုလာစောင့်ပေးနေရအောင်လေ.…..။"အချစ်...သက်သာရဲ့လား...။
ဘာလို့ဒီကိုရောက်နေတာလဲ...။
နေကောင်းတာလဲမဟုတ်ဘဲနဲ့....""နေကောင်းပါတယ်...ဟွန်းကလဲ.."
"အချစ်မနေ့က...သတိမေ့တဲ့အထိတောင်
ဖြစ်ထားတာ...မရပါဘူး...။
ကိုယ်စိတ်မချဘူး.....။
ပြန်သွားပြီး ကုသမှုခံယူလိုက်ပါ..အချစ်ရယ်""ဟွန်းရေ.....အချစ်ကဆရာဝန်တစ်ယောက်
ဆိုတာကိုရောသတိရသေးရဲ့လား...။
အချစ်ရဲ့အခြေအနေကိုအချစ်သိပါတယ်...။
စိတ်ချပါ..."သူထိုကဲ့သို့ပြောလိုက်တော့ ဟွန်း ကဘာမှ
ပြန်မပြောတော့ပေ...။
အဲဒီအစား သက်ပြင်းသာချသည်...။"ဘာလို့ကိုယ့်ကိုမပြောခဲ့ရတာလဲ"
ရုတ်တရက်ပြောလာတဲ့ဟွန်းစကား
ရဲ့ဆိုလိုရင်းကိုသူနားမလည်လိုက်....။
ခနအကြာမှ သဘောပေါက်လိုက်သည်...။"စိတ်ပူမှာစိုးလို့..."
ထိုစကားကိုကြားတော့ဟွန်းကရယ်သည်..။
"ဒါဖြင့်ရင် ဘာလို့အစကတည်းကကိုယ့်ကို
ချစ်သူတော်ထားသေးလဲ....။
ချစ်သူဆိုတာမျိုးက နှစ်ကိုယ်တစ်စိတ်ဖြစ်
သွားသလိုမျိုးပဲ....။
တစ်ယောက်အကြောင်းတစ်ယောက်အကုန်
သိပြီး တစ်ယောက်ရဲ့ပျော်ရွှင်မှု ၀မ်းနည်းမှု
အကုန်လုံးကိုမျှဝေပြီးတော့ ခံစားရတာကွ...
အချစ်ရ....။
အချစ်က အဲဒီလိုကိစ်စကြီးတစ်ခုကို..
ကိုယ့်ကိုမပြောဘဲထိမ်ချန်ထားတော့ ကိုယ်
စိတ်မကောင်းဘူးကွာ....."
YOU ARE READING
မင်း!...[COMPLETED]
Fanfictionသွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့...