ဆယ်ဟွန်းကဆေးရုံကိုလာရင်
သူ့ကိုလာတွေ့ဖို့ပဲရှိတာလေ..။
အဲတော့ ခုနကသူ့ကိုမတွေ့လို့
သူနာပြုမလေးတွေနားတစ်ခုခု
မှာသွားတယ်အထင်နဲ့
ခုနကဆယ်ဟွန်းဘာမေးသွား
လဲလို့သူနာပြုမလေးတွေနား
မေးတော့ ဟိုတလောကဆုံးသွား
တဲ့ကလေးမလေးအကြောင်းတဲ့..။
သူကဘာလုပ်ဖို့များလဲ...။
ထိုအချိန်မှာပဲလက်ထဲကိုင်ထား
တဲ့ဖုန်းကတုန်ခါလာတာကြောင့်
ကြည့်လိုက်တော့..<ငယ်...ဆေးရုံအရှေ့ကိုခနထွက်ခဲ့ပါလား>
အစ်ကို့ဆီကစာဝင်လာသည်..။
<ဟုတ်..>
သူလည်းစာတိုတစ်ကြောင်းပြန်ပို့
ပြီးဆေးရုံအရှေ့သို့ထွက်လာ
ခဲ့လိုက်သည်...။
အရှေ့ရောက်တော့အစ်ကို့ကား
တွေ့တာနဲ့ကားနောက်ခန်းထဲ
ကိုဝင်သွားလိုက်သည်...။"ငယ်...ရောက်ပြီလား.."
"ဟုတ်..."
"ခုနေ့ အစ်ကို..ငယ့်ဆီမေးစရာ
ရှိလို့ရောက်လာတာ.."ခနတော့ဂျွန်မြောင်ကြောင်သွား
မိသည်...။
အစ်ကိုကသူ့ဆီမေးစရာဘာများ
ရှိလို့လဲပေါ့..။"ငယ်...တလောကမီးလောင်မှု
ကြောင့်ရောက်လာတဲ့လူနာတွေ
ဆေးရုံမှာရှိတယ်မလား..""အင်း...ရှိတယ်လေ.."
"အဲဒီထဲမှာကလေးမလေး
တစ်ယောက်လဲပါလား...""ကလေးမလေးလား....
အင်း.....တစ်ယောက်တော့
ပါတယ်...ဒါပေမယ့်အဲ့
ကလေးမလေးကဆုံးသွားပြီ..""ဟင်!..ဆုံးသွားပြီလား.."
"အင်း..."
အစ်ကိုကတစ်ခုခုကိုစဉ်းစား
နေဟန်..ပြီးမှ.."...ဒါဆိုလည်းရပါပြီ.
ငယ်လည်းအလုပ်များနေလောက်
ရောပေါ့...သွားတော့လေ...""ဟုတ်..."
.....ဂျွန်မြောင် ကားဆီကနေဆေးရုံ
ဆီကိုလာတဲ့တစ်လျှောက်လုံး
တွေးလာနေမိသည်...။
ဘယ်လိုဖြစ်လို့များ အစ်ကိုနဲ့
ဆယ်ဟွန်းမေးတဲ့အကြောင်း
အရာတွေကတူနေရတာလဲ...။
နှစ်ယောက်လုံးကအဲ့ကလေးမ
လေးနဲ့ဘာမှလည်းမပတ်သတ်
ဘဲနဲ့....။
YOU ARE READING
မင်း!...[COMPLETED]
Fanfictionသွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့...