•23•

188 28 0
                                    

ကုန်တိုက်ရဲ့အရေးပေါ်လှေကား
ရှိရာအခန်းတွင်းသို့ရုန်းရင်းဆန်
ခတ်ဖြင့်ဝင်လာသောလူနှစ်ယောက်...။
ဦးထုပ်အနက်နဲ့လူကို ဆယ်ဟွန်း
ထိုနေရာသို့ဆွဲခေါ်လာခဲ့သည်...။
လှေကားခြေရင်းရှေ့ထိုလူကို
ဂုတ်ကကိုင်လာရာကနေ ပစ်ချ
ပစ်လိုက်သည်...။
လှေကားရင်းမှာပစ်လဲသွားတဲ့ထို
လူကခေါင်းကိုငုံ့ထားဆဲပဲ...။
ခုနကတွေ့လိုက်ကတည်းက
ခေါင်းငုံ့နေတဲ့ထိုလူက ဆွဲခေါ်လာတဲ့တစ်လျှောက်လုံးရော..
ခုရော ခေါင်းကိုငုံ့ထားသည်....။
ဘာလို့များခေါင်းကိုဒီလိုငုံ့ထား
ရတာလဲ....။
ထိုလူရဲ့ဦးထုပ်အနက်ကိုဆယ်ဟွန်းဆတ်ခနဲဆွဲချွတ်လိုက်ကာပစ်
လောလိုက်သည်...။
ဆံပင်အမဲရောင်ဖွာဖွာနဲ့ထိုလူက
တဖြေးဖြေးခေါင်းမော့လာတော့
ဆယ်ဟွန်းမျက်မှောင်ကျုံ့လိုက်
မိသည်....။
ဒီလူကိုသူသေချာပေါက်မြင်ဖူးတယ်...။
ဘယ်မှာပါလိမ့်...ဘယ်မှာမြင်ဖူး
ခဲ့တာလဲ...။
မျက်လုံးစုံမှိတ်လို့အသားကုန်
စဉ်းစားလိုက်ပြီးနောက်မှာတော့
ဆယ်ဟွန်းရဲ့မျက်လုံးတွေက
ဆတ်ခနဲပြန်ပွင့်လာသည်...။
ဒါ....ဟိုတလောက Mr
ဆီသွားရင်းဖြတ်ခနဲတွေ့မိ
လိုက်တဲ့တစ်ယောက်..။
ထိုလူကိုသေချာပြန်ကြည့်လိုက်
ပြီးနောက်...သေချာတယ်...
အဲ့နေ့ကMr ရဲ့အခန်းထဲကို
ဝင်သွားတဲ့လူပဲ...။ဒါနဲ့...
သူကဘာလို့...
နောက်ယောင်ခံလိုက်ရတာလဲ..။
ဆယ်ဟွန်းဘယ်လိုမှအဖြေရှာ
မရ.....။
ဘယ်လိုပဲဖြစ်ဖြစ်သူတို့ကတစ်
ဂိုဏ်းတည်းသားတွေကို...။
ဆယ်ဟွန်း ထိုလူ့ကိုစူးခနဲကြည့်
လိုက်တော့ခေါင်းငုံ့သွားသည်....။
ပိုပြီးသေချာသွားအောင်လို့ထိုလူ့
အင်္ကျီထဲမြုပ်နေတဲ့လည်ဆွဲကို
ဆွဲထုတ်လိုက်သည်...။
သံပြားလေးပေါ်မှာထွင်းထားတဲ့
ဖီးနစ်ငှက်ရုပ်က ထိုလူ့ကိုသူတို့
ဂိုဏ်းသားဆိုတာကိုသက်သေပြ
နေတယ်...။

"မင်း...ဘယ်သူလဲ...
ဘာလို့ငါတို့နောက်ကိုလိုက်နေတာလဲ...ဟမ်!!"

ဆယ်ဟွန်းငေါက်လိုက်တော့ထို
လူကလှုပ်လှုပ်ရှားရှားဖြစ်လာပြီး
တစ်ခုခုကိုပြောချင်နေဟန်....။
ဒါပေမယ့်လည်း ထိုလူကပြောသင့်မပြောသင့်ကိုချင့်ချိန်နေပြန်
သည်ထင်ပါသည်...။ချီတုံချတုံနဲ့....။

မင်း!...[COMPLETED]Donde viven las historias. Descúbrelo ahora