•27•

170 24 0
                                    

မင်ဟို ကားပေါ်ကဆင်းပြီး
ငယ့် နဂိုအိမ်ရှေ့မှာဂျုံအင်နဲ့
တွေ့တော့စကားပြောသည်...။
ခနအကြာမှာဂျံအင်ရောမင်ဟို
ပါအိမ်ထဲဝင်သွားကြသည်..။
ထိုအဖြစ်အပျက်အကုန်လုံးကို
အကွယ်တစ်နေရာကနေစောင့်
ကြည့်နေသူတစ်ယောက်က
မင်ဟိုအိမ်ထဲဝင်သွားပြီးနောက်
ထိုနေရာကနေထွက်သွားတော့
သည်....။

°°°••°°°••°°°••°°°••°°°••°°

"Mr...ချွဲမင်ဟိုက ဟိုဒေါက်တာ
လေးရဲ့အိမ်ထဲဝင်သွားတာကို
တွေ့ခဲ့ပါတယ်..."

ထိုစကားကိုကြားတော့ Mr
ကအဓိပ္ပါယ်ပါပါပြုံးသည်...။
နောက်ဆုံးတော့လည်း..ထင်ထား
တဲ့အတိုင်းပါပဲလား...။
ဟိုဒေါက်တာပျောက်နေတယ်
ဆိုကတည်းကချွဲမင်ဟိုနဲ့ဆက်စပ်
နေလိမ့်မယ်လို့ထင်ခဲ့ပြီးသား..။
ဒီတလောထဲဒေါက်တာကိုတွေ့
လိုတွေ့ငြားဆိုပြီး.အဲ့ဒေါက်တာ
ရဲ့အိမ်ကိုစောင့်ကြည့်ခိုင်းထား
လိုက်တာမှန်သွားတယ်...။
စောင့်ကြည့်ခိုင်းထားတဲ့အတော
အတွင်းသိရတာကဒေါက်တာက
သူ့အိမ်မှာရှိမနေဘူး...ဆိုတော့..
ချွဲမင်ဟိုဆီမှာရှိနေဖို့ရာခိုင်နှုန်း
များသွားပြီ....။

"ချက်ချင်းချွဲမင်ဟိုရဲ့အိမ်ကို
သွားကြည့်စမ်း...."

"ဟုတ်..."

အမိန့်ကိုလက်ခံပြီးထိုလူထွက်
သွားတော့မယ့်အချိန်မှာ Mr က

"နေဦး!..မသွားခင်..မင်းလုပ်ရ
မှာတစ်ခုရှိတယ်..."

*******************

ဆယ်ဟွန်း...မြို့ထဲလိုအပ်တာ
တွေသွားဝယ်ဖို့ရှိတာကြောင့်
အပြင်ထပ်ဂျာကင်ကိုဝတ်ကာ
အခန်းထဲကထွက်လာလိုက်
သည်..။
ဒီနေ့တော့သူနည်းနည်းအား
နေတယ်...။
ခါတိုင်းဒီလိုအချိန်တွေဆိုရင်
ဂျွန်မြောင့်ဆီသွားပြီးအချိန်ဖြုန်း
နေကျဆိုပေမယ့်...ခုကကျ...
ဂျွန်မြောင်ကဟိုကောင့်အိမ်မှာ..။
ဂါး.....အဲဒါကိုတွေးမိလေ..
စိတ်တိုလေပဲ...။
သူဘယ်လိုစိတ်နဲ့များဂျွန်မြောင့်
ကိုအဲဒီအိမ်မှာသွားထားမိတာလဲ။
ဟိုကောင်ကဒီအချိန်လောက်ဆို
ဂျွန်မြောင့်ကိုဘယ်လောက်တောင်
အသားယူပြီးနေပြီလဲမသိဘူး...။

"အ!..."

"တောက်!..လမ်းကိုဘယ်လို
လျှောက်နေတာလဲ...မင်းမျက်လုံး
မပါဘူးလား..."

မင်း!...[COMPLETED]Where stories live. Discover now