ဆေးရုံကကန်တင်းမှာရှိတဲ့
ဝိုင်းတစ်ဝိုင်းမှာတူတူ
ထိုင်နေကြသောမင်ဟို.
ဂျွန်မြောင်နဲ့ဆယ်ဟွန်း...။
ဂျွန်မြောင်ကသူငယ်ငယ်က
ခင်ခဲ့တဲ့အစ်ကိုဆိုပြီးချွဲမင်ဟို
နဲ့မိတ်ဆက်ပေးတော့သူ့မှာ
ချက်ချင်းကြီးထ.ပြန်သွားရင်
လည်းမကောင်းတတ်လို့
အင်တင်တင်နဲ့ထိုင်နေရတယ်..။
ဂျွန်မြောင်နဲ့ချွဲမင်ဟိုက
မှာထားစားရင်း စကားလေး
ပြောရင်းနဲ့ဟုတ်နေတာပဲ..။
ချွဲမင်ဟိုဆိုတာလည်းဂျွန်မြောင်
နဲ့စကားပြောနေတော့သူ့ကို
ရှိတယ်လို့တောင်မထင်ဘူး...။
ဒါလည်းကောင်းတာပါပဲ..။
သူကလာပြောနေရင်တောင်
ကိုယ့်ဘက်ကစကားအကောင်း
တွေထွက်မှာမဟုတ်လို့..။
နဂိုကတည်းကလည်း
လူကြားသူကြားတွေထဲတွေ့လို့
လှမ်းနှုတ်ဆက်ရမယ့်
ဆက်ဆံရေးမှမဟုတ်တာပဲ...။
ဒါပေမယ့် သူ့စိတ်ထဲ
မတင်မကျဖြစ်နေတာကြီးရှိ
နေတယ်...။
ဂျွန်မြောင်နဲ့အဲ့ကောင်နဲ့က
သာမာန်ခင်တဲ့အဆင့်ပဲဟုတ်
ရဲ့လားလို့လေ...။
တစ်ယောက်နဲ့တစ်ယောက်
ငယ် တွေ အစ်ကိုတွေခေါ်နေကြ
တော့....။
သူတို့စကားပြောတာတွေကို
ကြာကြာနားထောင်လေလေ
အဲ့ဒီမတင်မကျဖြစ်တဲ့စိတ်က
ပို.ပိုကြီးလာလေပဲ...။
အဲဒီအချိန်မှာပဲဖုန်းဝင်လာတော့
သူအခွင့်ကောင်းယူကာထို
နေရာကထွက်လာလိုက်သည်...။
နှုတ်လည်းဆက်မနေတော့
ပါဘူး....။ငယ်နဲ့စကားပြောနေရင်း
နဲ့မင်ဟို ....ဆယ်ဟွန်းရှိရာကို
လှမ်းကြည့်လိုက်တော့
အဲ့ကောင်ကဖုန်းပြောပြီး
ထွက်သွားသည်...။
အဲတော့ ခုကသူခုနကတည်းက
သိချင်နေတဲ့အကြောင်းအရာ
ကိုငယ့်ဆီမေးဖို့အခွင့်ကောင်းပဲ။"ငယ်..."
"အင်း..."
"ငယ်...အိုဆယ်ဟွန်းနဲ့
ဘယ်လိုခင်ခဲ့တာလဲ..""အာ..ဆယ်ဟွန်းနဲ့လား..."
ပြောပြီးဂျွန်မြောင်..ဆယ်ဟွန်း
ရှိရာကိုကြည့်လိုက်တော့
သူရှိမနေတော့...။"ဟင်...ဆယ်ဟွန်းဘယ်သွား
တာလဲ...""ခုနကပဲထွက်သွားပြီ..."
YOU ARE READING
မင်း!...[COMPLETED]
Fanfictionသွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့...