•38•

146 16 0
                                    

ဆရာဝန်တစ်ယောက်ရဲ့အလုပ်ကတကယ်
ကိုပင်ပန်းရပါတယ်...။
လူနာတွေအများကြီးကိုလိုက်စစ်ဆေးပေး
ရသလို...အရေးပေါ်လူနာတွေကလဲ
အချိန်မရွေးရောက်လာတတ်၍..
ပြေးလွှားနေရသည်..။
ညကြီးမင်းကြီးလဲ...အရေးပေါ် ဖြစ်သည့်
လူနာရှိလျှင် အိပ်ချင်မူးတူးနှင့်ထပြေး
ရသေးတာ....။
ခုကတော့ ရှားရှားပါးပါးလေးနားချိန်ရနေ
သည်ဆိုပါတော့...။
ဂင်ဂျွန်မြောင်တို့ကတော့ ထိုရတောင့်ရခဲ
နားချိန်လေးကို ချစ်သူ ရဲ့ရင်ခွင်ထဲပစ်ဝင်
ပြီးကုန်ဆုံးနေပါ၏...။

"အချစ်.."

"အင်း...ပြောလေ..ဟွန်း.."

ဆယ်ဟွန်းရဲ့လူနာကုတင်ပေါ်မှာဖြစ်သည်..။
ကုတင်ခေါင်းရင်းကိုမှီထိုင်နေတဲ့ဆယ်ဟွန်း
ရဲ့ရင်ခွင်ထဲ ဂျွန်မြောင့် ကိုယ်လုံးလေးတစ်ခု
လုံးကနစ်ဝင်နေသည့်အနေအထား..။

သူ့ရဲ့ဗိုက်ပေါ်ကဆယ်ဟွန်းရဲ့လက်ချောင်း
တွေကို ဂျွန်မြောင် ကဆော့ကစားလို့နေ
သည်...။

"အခုဆို ကိုယ်တို့နှစ်ယောက်အတူနေလို့
ရပြီနော....တွေ့ချင်တဲ့အချိန်လဲတွေ့လို့ရ
တယ်....လျှောက်လည်ချင်တဲ့အချိန်လဲ
လျှောက်လည်လို့ရပြီ...။ကိုယ့်အချစ်က
မပျော်ဘူးလား..."

ကြည်နူးရိပ်သမ်းနေတဲ့မျက်ဝန်းများနဲ့
ဆယ်ဟွန်းကဂျွန်မြောင့် ဆံပင်လေးတွေကြား
နှာတံကိုတိုးဝှေ့ကာပြောလိုက်သည်...။

"ပျော်တာပေါ့....ဒါပေမယ့်..."

ပြောပြီး..အချစ်က သူ့ရဲ့လက်ချောင်းတွေကို
ဆော့ကစားတာရပ်သွားပြီး...သက်ပြင်းချ
၏...။

"ဒါပေမယ့်...ကဘာလဲ အချစ်ကလေးကလဲ.. ကိုယ်တို့ကခုမှလွတ်လွတ်လပ်လပ်
ပျော်ကြရမှာကို..."

"ငယ်လေးရှိသေးတယ်လေ....
သူ့ကို ဟွန်း နဲ့တွဲနေတဲ့အကြောင်းမပြော
ရသေးဘူး...။
သိရင် သူက သဲတို့နှစ်ယောက်ကိုလက်ခံ
ပါ့မလား..."

ပြောပြီးမော့ကြည့်လာတဲ့မျက်ဝန်းလေးတွေ
မှာမျှော်လင့်ချက်မဲ့နေတဲ့ အရိပ်အယောင်
တွေကိုတွေ့နေရသည်....။

"သူလက်ခံလောက်မှာပါ....။
လက်မခံလဲ ကိုယ်တို့ကကြိုးစားရမှာပေါ့.."

မင်း!...[COMPLETED]Where stories live. Discover now