•FINAL•

460 23 6
                                    

ဆယ်ဟွန်းရယ်...ဂျုံအင်ရယ်...မင်ဟိုရယ်...
သုံးယောက်သားကကိုယ်စီကိုယ်စီလေးလံတဲ့
စိတ်တွေနဲ့ ခွဲခန်းရှေ့မှာရှိနေကြသည်....။

သူတို့ဘက်မှာကံတရားကရှိနေတယ်ထင်ပါ
တယ်....။
ဂျွန့်ကိုလက်လွှတ်လိုက်ရပြီဆိုပြီး....
သူတို့တွေယူကျုံးမရဖြစ်နေချိန်မှာ...ဆရာဝန်
တစ်ယောက်ကရောက်လာပြီး...အလှူရှင်
တွေ့ပြီဖြစ်ကြောင်းပြောလာတယ်....။

ရောက်လာပြီးမှ ဂျွန့်အခြေအနေကိုတွေ့သွားတဲ့ဆရာဝန်က ဂျွန့်အနားအမြန်ရောက်လာကာစမ်းသပ်ကြည့်တဲ့အခါ....အချိန်မှီသေး
တယ်...ခွဲခန်းအမြန်ဝင်ရမယ်လို့ဆိုတယ်....။

အဲဒီအချိန်မှာ လမ်းပျောက်နေတဲ့သူလမ်းစ
ရှာတွေ့သလိုပဲ သူ့အတွက်မျှော်လင့်ချက်
ကလေးတွေဖြတ်ပြေးသွားတာကိုခံစားမိ
လိုက်တယ်...။

ဂျွန်ကသူ့ဆီကိုသေချာပေါက်ပြန်လာမယ်ဆို
တာကိုသူအကြွင်းမဲ့ယုံတယ်...။
ဒါပေမယ့်...သူကံကြမ္မာကြီးကိုမယုံဘူး...။

အခုချိန်....သူ့ရင်ထဲမှာအပူမီးတွေစီးဆင်း
နေသလိုပဲ....။
ဂျွန့်ကိုယုံပေမယ့် ကံကြမ္မာရဲ့အဆုံးအဖြတ်
ကိုတော့မလွန်ဆန်နိုင်တာမို့...သူ့ရဲ့
နောက်ဆုံးအားကိုးရာ...ဘုရားသခင်ဆီကိုသာတိုင်တည်ပြီးအကြိမ်ကြိမ်ဆုတောင်း
နေမိတယ်....။

ကျေးဇူးပြုပြီး...ဂျွန့်ကိုအသက်ဆက်ရှင်ခွင့်
ပေးပါ....ဘုရားသခင်....။






ဘုရားသခင်ကသူ့ကိုသနားသောအားဖြင့်...
သူ့ဆန္ဒတွေကိုဖြည့်ဆည်းပေးခဲ့တယ်....။
ဂျွန် ကလေးနာရီနီးပါးလောက်....ကံကြမ္မာနဲ့
အတိုက်အခံလုပ်ခဲ့ပြီး...နောက်ဆုံးမှာသူ့ဆီကိုအရောက် ပြန်လာခဲ့တယ်....။

တစ်ပတ်အကြာ.... ဂျွန့်ရဲ့မျက်ဝန်း
တောက်တောက်လေးတွေကိုပြန်မြင်
လိုက်ရချိန်မှာ...သူဟာ..ကမ္ဘာပေါ်မှာ
အပျော်ရွှင်ဆုံးလူသားပဲ....။
အပိုဆုအနေနဲ့ ဂျွန့်ရဲ့အားအင်ဖျော့တော့တဲ့
အပြုံးကိုလက်ဆောင်ရလိုက်ပြီးနောက်
သူ့ဘဝကြီးကလုံးဝပြီးပြည့်စုံသွားပြီ...။

ကိုယ့်ဘဝရဲ့ပထမဦးစားပေး...။
ဒုတိယဦးစားပေး....။
တတိယဦးစားပေး ကဂျွန်ပဲမို့လို့....။

မင်း!...[COMPLETED]Место, где живут истории. Откройте их для себя