•16•

261 29 3
                                    

မနက်ခင်းတိုင်းမပျက်မကွက်
ကိုယ့်ဆီရောက်လာတတ်တဲ့
Good morning ဆိုတဲ့
စာသားကိုဂျွန်မြောင်ဖတ်ရုံသာ
ဖတ်ပြီး သူ့ဆီစာမပြန်ဖြစ်
တော့..။
တကယ်တမ်းတော့ ဂျွန်မြောင်
သူနဲ့မျက်နှာချင်းဆိုင်ရမှာကို
ရှက်နေမိတာ..။
သူ့ဆီပြန်စာတွေပို့နေရင်...
အပြန်အလှန်ပြောနေရင်းနဲ့
သူကအပြင်မှာတွေ့ရအောင်လေ
လို့များပြောလာရင် ဂျွန်မြောင်
တို့ကမ္ဘာကြီးပျက်နေဦးမှာမြင်
ယောင်နေသေးတာမို့...။
အဲဒီတော့ ဒီလိုလေးရှောင်နေ
လိုက်တာပဲကောင်းမယ်ဆိုတဲ့
အတွေးနဲ့ရှောင်နေတာ
တစ်ပတ်တောင်ကျော်နေပြီ...။
အဲ့ဒီနေ့က သူ့ဆီကချစ်တယ်
ဆိုတဲ့စကားကိုကြားပြီးပြီးချင်း
သူ့ရှေ့တင်.ရင်တွေကအရမ်း
ခုန်လာတာမို့ မူမပျက်အောင်
မနည်းထိန်းထားပြီး သူ့ကို
ပြန်လွှတ်လိုက်ရတယ်...။
တတ်လည်းတတ်နိုင်တဲ့အိုဆယ်
ဟွန်းပါလေ...။
သူများအိမ်ပေါ်အထိကိုလာပြီး
ရည်းစားစကားပြောဖြစ်အောင်
ပြောသွားသေးတယ်...။
ဟင်း....ဒီကိစ္စကိုငယ်လေး
သိရင်တော့မိုးမီးလောင်ဦးမှာ..။
ရင်လေးတယ်....ရင်လေး
တယ်.....ဟင်း.....။

°°°°°

"Boss မှာထားတဲ့မျက်မြင်
သက်သေကိုကျွန်တော်စုံစမ်းပြီး
ပါပြီ.."

ထိုသို့ပြောသောဂိုဏ်းသားမှ
မင်ဟိုရှေ့သို့ဖိုင်တွဲတစ်ခု
ချပေးလိုက်ပြီး မင်ဟိုအား
အရိုအသေပေးကာထိုအခန်းထဲမှ
ထွက်သွားသည်...။
ဖိုင်တွဲအားယူကာလှန်ကြည့်လိုက်
ချိန်ပထမဆုံးစာမျက်နှာမှာပေါ်
လာတဲ့ကောင်လေးတစ်ယောက်ရဲ့ပုံ...။
အသားဖြူဖြူနဲ့ချစ်ဖို့ကောင်းတဲ့
ကောင်လေးတစ်ယောက်...။
ထိုကောင်လေးပုံကိုကြည့်ရင်း
ကြည့်ရင်းနဲ့ရင်းနှီးသလိုခံစားလာရသည်...။
အရင်တုန်းကတအားကိုသိကျွမ်း
ခဲ့သလိုမျိုး...။
ပုံရဲ့အောက်မှာတော့ကောင်လေး
ရဲ့ကိုယ်ရေးအကျဉ်း...။
ပထမဆုံးတစ်ကြောင်းမှာရေးထား
တဲ့ကောင်လေးရဲ့နာမည်က.
.
.
.
.
.
.
.
.
.
.
.
.
.
.

ဂင်ဂျွန်မြောင်ဆိုတဲ့နာမည်ကို
ဖတ်အပြီး မင်ဟိုရဲ့နှလုံးသားက
သိမ့်ခနဲတုန်သည်...။
ငယ်!...
အလျင်အမြန်ပဲ
နောက်ကအကြောင်း
အရာတွေကိုပါဆက်ဖတ်လိုက်
တော့ တကယ့်ကိုငယ် ဖြစ်နေ
သည်.....။
ဟား...ကိုယ့်ဆုတောင်းတွေပြည့်
ခဲ့ပြီပဲ...။
ဒါပေမယ့် တဆက်တည်း
စိတ်မကောင်းစွာသိ
လိုက်ရတာတစ်ခုက ငယ့် ရဲ့
မိဘတွေမရှိတော့ဘူးဆိုတာ...။
ညီငယ်လေးတစ်ယောက်ရှိပေ
မယ့်မိဘနဲ့တော့ဘယ်တူလိမ့်
မတုန်း...။
ခုတော့ ဆရာဝန်တစ်ယောက်ဖြစ်
နေပြီဆိုပေမယ့် ဒီမတိုင်ခင်က
အရမ်းပင်ပန်းခဲ့မှာပဲ...။
အဲဒီတုန်းကပင်ပန်းခဲ့တာတွေ
ရဲ့အစား ခုချိန်မှာတော့ကိုယ်ဆီ
လာပြီးအမောဖြေပါ ငယ်...။
မင်းနားခိုဖို့ရာကိုယ့်ရင်ခွင်က
အမြဲအသင့်ရှိနေပါတယ်....။
ကိုယ် မင်းရှေ့
အရောက်လာခဲ့မယ်...ငယ်..။

မင်း!...[COMPLETED]حيث تعيش القصص. اكتشف الآن