•46•

173 17 3
                                    

ဂျွန်မြောင်ကခြံထဲကပန်းပင်လေး
တွေကိုရေလောင်းနေသလိုဆယ်ဟွန်းကလဲ
အိမ်ထဲမှာသန့်ရှင်းရေးလုပ်နေလေ
သည်...။
မနေ့က အချစ် နေမကောင်းဖြစ်
သေးတာမို့ ဆယ်ဟွန်းမှာသန့်ရှင်းရေး
ကိုတောင်ဖြောင့်အောင်မလုပ်နိုင်...။
ခြံထဲကကောင်လေးကိုပဲ စိတ်မချနိုင်စွာ
ခနခနကြည့်နေရသည်....။
မနေ့ညကတစ်ညလုံးချောင်းတွေဆိုးနေ
တာမို့ သူရောယောက်ဖပါမအိပ်ခဲ့ရဘူး။
အခ်စ္ကိုပဲ တစ်ညလုံးစောင့်ပေးနေ
ရသည်...။
ချောင်းကမနားတမ်းကိုဆက်တိုက်
ဆိုးပြီး...ကိုယ်တွေပူလာကာဖျားလာ
တော့သည်...။

မနက်ရောက်တော့ တော်တော်သက်သာ
သွားသေးလို့တော်သေးသည်...။
မျက်နှာလေးနွမ်းနေတာကလွဲရင်
ချောင်းလဲမဆိုးတော့ဘူး..ကိုယ်လဲ
တအားကြီးပူမနေတော့တာမို့....
ခြံထဲထွက်ချင်တယ်ဆိုတဲ့အချစ်ကို
ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်....။
သူ့ယောက်ဖကဒီနေ့စာမေးပွဲရှိတာမို့လို့
ကျောင်းကိုမဖြစ်မနေသွားမှဖြစ်မည်ဆိုကာ
မနက်စောစောကပဲထွက်သွားခဲ့သည်...။
သူ့အစ်ကိုကိုစိတ်မချနိုင်ဖြစ်နေပြီး...
သူ့အစ်ကို ကိုဂရုစိုက်ပေးဖို့အထပ်ထပ်
မွာကာ...နောက်ဆံတင်းစွာနှင့်
သူ့ယောက်ဖက စာမေးပွဲဖြေရန်သွား၏...။
ကောင်းကောင်းဖြေနိုင်ခဲ့ပါ့မလားလေ..။

မနက်ရောက်တော့ချောင်းဆိုးတာ
သက်သာသွားပေမယ့် ကျောထဲက
ထိုးအောင့်နေပြီး..အသက်ရှူတွေကျပ်နေ
တာမို့ ခြံထဲကိုဆင်းလာခြင်းဖြစ်သည်...။
ဟွန်းကတော့ မဆင်းဖို့တားသေးသည်...။
ဟွန်းစိတ်ကိုလဲနားလည်ပေမယ့်
လေကောင်းလေသန့်ရှူလိုက်ရရင်နည်းနည်း
နေသာလောက်မယ်အထင်နဲ့ သူအတင်း
ပြောတော့ နောက်ဆုံးတော့ဟွန်းက
ခွင့်ပြုလိုက်သည်..။

သူ့အတွေးမှန်ပါသည်...။
ခြံထဲဆင်းလိုက်ရတော့...အသက်ရှူကျပ်
တာကသက်သာသွားသည်....။
ဒါပေမယ့် ကျောထဲအောင့်နေတာက
တော့ပိုဆိုးလာသည်မို့ ဝေဒနာပေါ်
အာရုံမရောက်ရန် ပန်းပင်တွေကိုရေ
လိုက်လောင်းနေခြင်းဖြစ်သည်....။

မရမကအာရုံလွှဲထားပေမယ့်လဲ အဆင်က
မပြေလာ....။
တော်တော်ကြီးကိုထိုးအောင့်လာသည်။
ရေပိုက်ကိုအသာချကာ ခြံထဲကခုံပုလေး
ပေါ်ထိုင်ကာနားလိုက်သည်....။

မင္း!...[COMPLETED]Where stories live. Discover now