•28•

187 28 10
                                    

"ဆယ်ဟွန်းကိုသွားခေါ်ခဲ့.."

သတိမေ့နေပြီဖြစ်သော
ဂျွန်မြောင့်ကိုကြည့်ကာလူယုတ်မာ
အပြုံးမျိုးပြုံးလျက် Mr ကအနားကသူ့လူတွေကိုအမိန့်ပေး
လိုက်သည်။

°°°••°°°••°°°••°°°••°°°••°°

ဆယ်ဟွန်း.....
မြေအောက်ခန်းကနေပြီးသူ့
အခန်းကိုပြန်ရောက်နေပြီဖြစ်
သည်....။
ကုတင်ပေါ်ထိုင်နေတဲ့သူဟာ
စိတ်ထဲမှာတော့ချွဲမင်ဟိုမြန်မြန်
ရောက်လာစေဖို့ဆုတောင်းရင်း..။

~~ဒေါက်..ဒေါက်~~

ထိုစဉ်သူ့အခန်းတံခါးကိုတစ်
ယောက်ယောက်ကလာခေါက်
သည်....။
ကျစ်!..ဘယ်သူလဲကွာ...။
စိတ်အခြေအနေမကောင်းရတဲ့
အထဲ... ။

"ဘာလဲ!.."

တံခါးသွားဖွင့်ပေးရင်းသူဘောက်
ဆတ်ဆတ်နဲ့မေးလိုက်တော့...

"Mr ခေါ်နေပါတယ်...
အစ်ကိုကြီး...မြေအောက်ခန်းကို
လာခဲ့ပါတဲ့..."

မြေအောက်ခန်းဆိုတဲ့စကားလုံး
ကိုကြားတော့သူ့မျက်ခုံးတွေ
တွန့်ချိုးကုန်သည်....။

"အင်း...လာခဲ့မယ်...."

°°°••°°°••°°°••°°°••°°°••°°
မြေအောက်ခန်းရဲ့တံခါးရှေ့
ရောက်နေပြီဖြစ်တဲ့သူက
တံခါးကိုဖွင့်ဖို့အရေးမရဲသေးဘဲ
ဖြစ်နေရသည်...။
ဂျွန်မြောင်ရဲ့အဲဒီလိုပုံစံကိုသူက
ဘယ်လိုစိတ်မျိုးနဲ့ကြည့်ရမှာတဲ့
လဲ.....။
အချိန်တစ်ခုလောက်အထိတွေဝေ
ပြီးနောက်မှာတော့...သူ့စိတ်ကို
တင်းကာတံခါးလက်ကိုင်ကို
လှည့်လိုက်သည်...။

~~ကျွီ~~

တံခါးဖွင့်သံကြားတော့ Mr
ကသူရှိရာဘက်လှည့်လာကာ..

"အိုး..ဆယ်ဟွန်းရောက်လာပြီ
ပဲ...ဒီနားကိုလာခဲ့..."

Mr ကသူထိုင်နေတဲ့ဘေးဘက်.
ဂျွန်မြောင်ရဲ့ရှေ့တည့်တည့်နေရာ
မှာလာရပ်ခိုင်းသည်....။
သူ့လက်သီးကိုတင်းတင်းဆုပ်
ရင်း..Mr ပြောတဲ့နေရာမှာ
သွားရပ်လိုက်သည်....။

သူပြောတဲ့နေရာမှာလာရပ်တဲ့
ဆယ်ဟွန်းကလက်သီးကို
တင်းတင်းဆုပ်လျက်သားဆို
တော့ Mr ပြုံးမိသည်...။
ငါ့ကိုသစ္စာဖောက်ထားတယ်
ဆိုရင်ဒီလောက်မြင်ကွင်း
တော့မင်းကြည့်သင့်တာပေါ့...
ဆယ်ဟွန်းရယ်....။
ချစ်ရတဲ့သူကနှိပ်စက်ခံနေရတာ
ကိုဘာမှမလုပ်ပေးနိုင်ဘဲနဲ့....
နှလုံးသားကိုဓားနဲ့တဆစ်ဆစ်ထိုး
နေသလိုခံစားချက်မျိုးနဲ့လေ...။
ဒီဟာလေးကိုလည်း..မင်း
ချွဲမင်ဟိုဆီမှာပို့ထားတယ်ဆိုတာ..ငါသိပြီးသား...။
အဲဒါကြောင့်မို့လို့လည်း...
ချွဲမင်ဟိုရဲ့အိမ်ထဲကအဲ့ဟာလေး
ကိုမင်းဖုန်းနဲ့လှမ်းခေါ်တော့
ဟိုကအသာတကြည်ပါလာရောပဲ..။
မင်းတို့သုံးယောက်ပေါင်းကြံထား
ကြတယ်ဆိုတာအသိသာကြီး..။
မင်းဦးနှောက်လောက်က
အသေးအမွှားပဲရှိပါသေးတယ်..
ဆယ်ဟွန်းရယ်....အဟက်..။

မင်း!...[COMPLETED]Where stories live. Discover now