•32•

140 23 0
                                    

ဒီတလောထဲဂျွန်မြောင့်ရဲ့စိတ်
တွေတအားရွှင်လန်းနေလို့လား
မသိဘူး....။
ကျန်းမာရေးကသိသိသာသာ
ကောင်းလာတယ်....။
ခုဆို....လုံးဝလူကောင်းတစ်
ယောက်လိုတောင်ဖြစ်နေပြီ...။

ဆယ်ဟွန်းနဲ့လည်းနေ့တိုင်းဖုန်း
ပြောဖြစ်တယ်....။
ဖုန်းပြောတဲ့အချိန်ကလည်း..
တသမတ်တည်းမရှိပါဘူး...။
သူကအမြဲအားနေတာဆိုတော့
ဆယ်ဟွန်းဘက်ကအားတဲ့အချိန်
တွေဆို ဖုန်းပြောဖြစ်ကြတယ်..။
ဖုန်းတစ်ခါပြောပြီးတိုင်းဂျွန်မြောင်
တစ်ခါကြည်နူးရတယ်...။
ချစ်သူရည်းစားတွေရဲ့ထုံးစံ
အတိုင်း တီတီတာတာ တွေပြော
ကြသည်ကိုး....။

အစ်ကိုကလည်းသူနေပြန်ကောင်း
လာတော့ ဝမ်းသာနေတယ်...။
ဆယ်ဟွန်းနဲ့ကိစ္စကိုတော့ အစ်ကို
မသိသေးဘူး....။
သူလည်းပြောပြဖို့မတွေးထားပါ
ဘူး....။
အစ်ကိုကသူ့ကိုခံစားချက်တွေ
ဖွင့်ဟထားဖူးသူဆိုတော့ဒီကိစ္စ
ကိုသိရင်အစ်ကို အနည်းနဲ့အများ
တော့ခံစားရမှာပဲ....။
ဘယ်လိုပဲပြောပြောသူကအခု...
အစ်ကို့အိမ်မှာနေပြီး...အစ်ကို့
ထမင်းကိုအလကားထိုင်စား
နေသလိုဖြစ်နေတော့ အဲဒီလို
ကိစ္စတွေအထိမပြောချင်ဘူး....။
အကူအညီမဖြစ်ရင်တောင်
အနှောင့်အယှက်တစ်ခုလိုတော့
မဖြစ်စေရပါဘူး...။

တွေးနေရင်းပဲ..တုန်ခါလာခဲ့
သောဖုန်းကိုကြည့်လိုက်တော့..
သူပြုံးမိသည်...။

"အင်း...ပြောလေ...ဟွန်း.."

ဟွန်း....။
သူ...ဆယ်ဟွန်းကိုအဲဒီလိုလေး
ပဲခေါ်ဖြစ်တယ်...။
ရိုးတယ်ထင်ရပေမယ့်...ဒါလေး
ကိုပဲသူသဘောကျလို့...။
ဆယ်ဟွန်းကတော့သူ့ကို သည်း
လို့ခေါ်တယ်...။
တစ်ခါတစ်လေလည်း အသည်း
ယားရင်ယားသလို..သည်းလေး
လို့ခေါ်တဲ့အခါတွေလည်းရှိ
တယ်..။
သူလည်းအဲဒီလိုအသည်းယား
စရာနာမည်လေးတွေနဲ့ဆယ်ဟွန်း
ကိုခေါ်ချင်ပါတယ်....။
ဒါပေမယ့်...သူ..မရဲဘူးဖြစ်နေတာ..။
ဘာပဲဖြစ်ဖြစ်ပါ...အခုသူသုံးတဲ့
နာမ်စားလေးကို..သူသဘောကျ
သလို..ဆယ်ဟွန်းကလည်း
သဘောကျနေတော့...သူဒီတိုင်း
လေးပဲခေါ်ဖြစ်နေဦးမှာပါ...။

"သတိရလို့..."

တစ်ဖက်ကကြားလိုက်ရတဲ့
ခပ်ချွဲချွဲအသံကြောင့်သူပြုံးလိုက်
မိပြန်ပါပြီ..။
ဆယ်ဟွန်းကဒီတိုင်းနေရင်အေး
တယ်ထင်ရပေမယ့်..ချစ်သူတွေ
ဖြစ်ပြီးမှပဲ...တအားချွဲလာသလို..။

မင်း!...[COMPLETED]Where stories live. Discover now