•29•

156 33 4
                                    

"ကြည့်ပေးစမ်းပါဦး..မင်ဟော့
....ငယ်တစ်ခုခုဖြစ်သွားလို့
မဖြစ်ဘူး...."

သူရောက်လာတော့အပြေးလာ
ကြိုတဲ့သူ့သူငယ်ချင်းကခုလည်း
နီရဲနေတဲ့မျက်ဝန်းတွေနဲ့ပြောပြန်
တယ်...။
ကုတင်ပေါ်ကကောင်လေးကို
ကြည့်လိုက်တော့သူ့ပါးစပ်
အဟောင်းသားဖြစ်သွားရသည်..။
ဒါကဘယ်လိုဖြစ်တာလဲ...။
ကောင်လေးကသွေးသံတရဲရဲနဲ့..။
သူအမြန်သွားကာ..ကောင်လေး
ရဲ့အင်္ကျီကိုဆွဲဖြဲလိုက်သည်...။
ကောင်လေးရဲ့ရင်ဘတ်နဲ့ဗိုက်
မှာ ပေါက်ပြဲနေတဲ့ဒဏ်ရာတွေ
အများကြီးပဲ...။
သွေးတွေကလည်းတစိမ့်စိမ့်နဲ့
ထွက်နေတုန်း....။
ဒါကိုခုမှမြင်သွားပုံရနဲ့မင်ဟိုက
လက်သီးကိုတင်းတင်းဆုပ်ကာ
မျက်ရည်တွေပါကျသည်...။
ကောင်လေးရဲ့ဒဏ်ရာတွေကို
ဆေးကြောပေးပြီး တအား
ပေါက်ပြဲနေတဲ့နေရာတွေကို
ချုပ်ပေးကာဆေးထည့်ပေးလိုက်
သည်....။
ခက်တာကဒီကောင်လေးသွေး
လိုနေပြီ....။

"မင်ဟို...သူသွေးလိုတယ်..."

"အင်း....ငါစီစဉ်လိုက်မယ်.."

မင်ဟိုအခန်းထဲကနေအမြန်
ပြေးထွက်သွားသည်...။
ခနကြာတော့....သူ့လူငါးယောက်
လောက်ကိုခေါ်လာတယ်....။

"သူတို့တွေအကုန်လုံးကအေ
သွေးတွေပဲ...မင်းစစ်ဆေးပေး
ပြီးကိုက်တဲ့တစ်ယောက်ကနေ
ယူလိုက်..."

သွေးသွင်းပေးပြီးပေမယ့်
ကောင်လေးကစိတ်ချရတဲ့အခြေ
အနေမဟုတ်သေးဘူး...။
မနေ့ကမှအောက်ဆီဂျင်ပေးထား
ရတာမလား...။
အဲဒါကိုခုနေ့ကဒီလိုတွေဖြစ်နေ
တယ်ဆိုတော့...

"ခုညတော့ ငါစောင့်အိပ်မှဖြစ်
မယ်...မင်ဟို..ကောင်လေးက
စိတ်မချရသေးဘူး....ကြည့်ရတာ
အအေးလည်းမိထားတဲ့ပုံပဲ...
အဆုတ်ကယောင်နေပြီး အဆုတ်
အလုပ်လုပ်တဲ့အားကလည်း
တော်တော်ကြီးနည်းနေတယ်...
ဟင်း....နောက်ပြီးခုညသူဒဏ်ရာ
အရှိန်နဲ့အဖျားတက်လိမ့်ဦးမယ်.."

"အင်း..
မင်းအဆင်ပြေသလိုလုပ်ပါ...
မင်ဟော့ကိုနေရာစီစဉ်ပေး
လိုက်.."

ဘေးကရှိနေတဲ့သူ့လူကိုပြော
လိုက်တော့ထိုလူကမင်ဟော့ရဲ့
အိတ်ကိုကိုင်ကာ..မင်ဟော့ကို
ပါတပါတည်းအပြင်ကိုခေါ်ထုတ်
သွားသည်.....။
သူတို့တွေအပြင်ရောက်သွား
ကာမှကုတင်ဘေးကခုံပုလေး
ပေါ်ထိုင်ကာငယ့်ရဲ့လက်ကလေး
တွေကိုဆုတ်ကိုင်ထားလိုက်
သည်....။
လက်ကလေးတွေကခုထက်ထိ
အေးစက်နေတုန်း.....။
အောက်ဆီဂျင်မက်စ်ကိုနောက်
တစ်ကြိမ်ထပ်တပ်ထားရတဲ့
ငယ်....။
ဘယ်လောက်တောင်ပင်ပန်းခဲ့
လိမ့်မလဲ......။
နဂိုတည်းက...
နေမကောင်းဖြစ်နေတဲ့ကလေး
ကခုလိုဒဏ်ရာတွေရလာတဲ့အထိဆိုတော့..။
တောက်!.တွေးလေ..တွေးလေ..
စိတ်ထဲမှာတနှုံ့နှုံ့ပဲ..။
ဘာအပြစ်မှမရှိတဲ့ကလေးကို
တောင်သူတို့မို့လို့အဲဒီလိုနှိပ်စက်
နိုင်တယ်...။
ထိုစဉ်အိတ်ကပ်ထဲကဖုန်းက
တုန်ခါလာတာကြောင့်ထုတ်
ကြည့်လိုက်တော့..အိုဆယ်ဟွန်း
ဆီက....

မင်း!...[COMPLETED]Där berättelser lever. Upptäck nu