•47•

186 16 1
                                    

သူ့ရဲ့စိတ်ကပေါင်တန်ချိန်ပေါင်းများစွာ
လေးလံတဲ့ကျောက်ခဲကြီးနဲ့အဆွဲခံထား
ရသလို လေးလံလို့နေတယ်...။
ဖြူဖျော့ပြီးအားနည်းနေတဲ့သူ့ကောင်လေးက
အောက်ဆီဂျင်မက်စ်တပ်လျက်သား
အနေအထားနဲ့ ပင်ပန်းကြီးစွာနဲ့
အသက်ကိုခက်ခက်ခဲခဲရှူနေရသည်...။
ဖြူစွတ်နေတဲ့ဆေးရုံရဲ့အိပ်ယာခင်းတွေ
ထက်တောင် ပိုပြီးဖြူဖျော့နေသယောင်
မို့....သူ့ရင်ထဲငရဲမီးတွေစီးဆင်းနေ
သလိုပါပဲ....။

အခြေအနေကချက်ချင်းကိုအဆုတ်
အစားထိုးရမှာ
ဖြစ်ပေမယ့် အလှူရှင်ကမရှိဖြစ်နေတာ
ရယ်....အရံသင့်မရှိတာရယ်..ရှိတဲ့ဟာ
တွေကျတော့လဲ အချစ်နဲ့မကိုက်ညီတာ
ရယ်ကြောင့် ဆေးရုံခန်းထဲမှာ
အချစ်က အခုလိုမျိုးပင်ပန်းဆင်းရဲစွာ
နေ နေရသည်....။
လက်ကလေးတွေကလဲ အေးစက်လို့
နေတယ်....။
အရင်အချိန်တွေကလို ဆုပ်ကိုင်ထားပေး
လို့လဲ နွေးလာနိုင်စွမ်းမရှိတော့ဘူး...။
အဆုတ်ကိုအချိန်မှီအစားမထိုးနိုင်ရင်
အခုချိန်က နောက်ဆုံးအချိန်ဖြစ်သွားနိုင်
တယ်ဆိုတော့ ကိုယ်ဘာလုပ်ရမလဲ..
အချစ်ရယ်....။
အလှူရှင်မြန်မြန်ပေါ်လာဖို့ ဆုတောင်းပေး
နေရုံကလွဲရင် ကိုယ်ဘာမှမတတ်နိုင်ဘူးပဲ..။

ကိုယ်ကအသုံးမကျလိုက်တာကွာ...။
အရင်က အချစ်အဖမ်းခံခဲ့ရတဲ့အချိန်တုန်း
ကလဲအချစ်အတွက် ဘာဆိုဘာမှ
ကိုယ်မလုပ်ပေးနိုင်ခဲ့ဘူး...။
အခုရော......အခုရောပဲ....။
ကိုယ့်ရဲ့အဆုတ်နဲ့သာအဆင်ပြေမယ်ဆို
ရင်..ဘာကိုမှတုံ့ဆိုင်းမနေဘဲ အချစ်
အတွက်..ချက်ချင်းထုတ်ပေးပစ်မှာပေမယ့်
.......။

"ဟွန်း~~~"

တိုးညှင်းညှင်းအသံလေးကထွက်လာ
တာမို့ အတွေးတွေကလက်တွေ့ဘဝကို
ပြန်ရောက်လာသည်...။

"အင်း..အင်း...ကိုယ်ရှိတယ်..အချစ်...။
ဘာလိုလို့လဲ..."

"စိတ်.....မပူ.....နဲ့....နော..."

တစ်လုံးချင်းစီအားယူပြီးပြောလိုက်တာက
စိတ်မပူဖို့တဲ့လား.....။
ဒီလိုအခြေအနေမှာကိုယ်ကဘယ်လိုလုပ်
စိတ်မပူဘဲနေနိုင်ပါ့မလဲ...အချစ်ရယ်...။
ဒါပေမယ့်လဲ...အချစ်စိတ်ချမ်းသာရ
အောင်လို့...

မင်း!...[COMPLETED]Where stories live. Discover now