About Us [Unicode]

170 10 0
                                    

[About Us by Diana]

ကျွန်တော် ရှစ်တန်းနှစ်လယ်လောက်မှာ ကျောင်းပြောင်းခဲ့ရတယ် ။ မိန်းကလေးကျောင်းပေါ့ ။ အဖေ့အလုပ်ကြောင့် ကျောင်းခဏခဏ ပြောင်းနေရတာက မထူးဆန်းပေမယ့် ကျောင်းစစတက်ချင်းနေ့မှာ တွေ့တဲ့ ကောင်မလေးကတော့ ထူးဆန်းတယ် ။ သူကဂိတ်၀မှာ သူ့ပုခုံးလောက်ပဲ ရှိတဲ့ကောင်မလေးကို novel ဇာတ်ကောင်ပုံရင်ထိုးလေး တပ်ပေးနေတာ ။ ပြီးတော့ ကားလမ်းတစ်ဖက်ကို ကူးပြီး စတိုးဆိုင်ထဲ၀င်သွားတယ် ။ ရင်ထိုးနဲ့ ကောင်မလေးကတော့ ကျောင်းထဲတလှုပ်လှုပ်နဲ့ ဝင်လာတယ် ။

ကျွန်တော် မျက်စိကန်းနေလို့ ဖြစ်မယ် ။ အဲ့လူဆိုးမကို ချစ်မိသွားတယ်လေ ။ သူ့နောက်ကို လိုက်မသွားရဲတာမို့ ကျောင်းထဲ၀င်လာတဲ့ ကောင်မလေးနောက် လိုက်ပြီး စကားပြောကြည့်တယ် ။ သူ့ရင်ဘတ်က ပုံကိုလက်ညှိုးထိုးပြပြီး
'နင်က လန်ကျန့် Fan လား´ဆိုတော့ 'အင်း´၊ 'ဝေ့ဝူရှန့်ကိုမကြိုက်ဘူးလား´ ဆိုတော့ 'ကြိုက်တယ်နှစ်ယောက်လုံးကို´ ၊
နောက်တစ်ခွန်းမေးဖို့ ပြင်နေတုန်းရှိသေး တကုတ်ကုတ်နဲ့ အဆောင်ထဲ ၀င်သွားတော့တာပဲ ။ အတော်လေး စိတ်လေသွားတယ် ။ ဒီလိုပုံနဲ့ ဘယ်လိုအောင်သွယ်ခိုင်းရမတုန်း ။ စိတ်လေလေနဲ့ နောက်လှည့်ကြည့်လိုက်တော့ သူကမလှမ်းမကမ်းမှာ လမ်းလျှောက်လာနေပြီ ။ ကျွန်တော်လှမ်းကြည့်တော့ သူကအကြည့်လွှဲသွားတယ် ။ 'ဟေး´လို့ လှမ်းခေါ်တော့ ပြုံးစစနဲ့ မျက်ခုံးပင့်ပြတယ် ။ ပြီးတော့ လက်ထဲက မိုင်လိုဘူးကို ဖောက် ၊ ပိုက်ကို ပါးစောင်မှာ ကပ်သောက်ရင်း မြောက်ကြွကြွနဲ့ အနားရောက်လာလေရဲ့ ။

စပြောလိုက်တဲ့စကားက လူကိုဆောက်နဲ့ထွင်းတာပဲ ။
'ဘာလဲ မေရှင်းနဲ့ အောင်သွယ်ခိုင်းမလို့လား´တဲ့ ။
ဘာပြောရမှန်းကို မသိတော့တာ ၊ တကယ်ကို မသိတော့တာ ၊ ခေါင်းပေါ်မှာ ကော်ရှင်မတ်တွေကို ပေါ်လာတဲ့အထိပဲ ။

'မဟုတ်ဘူး ဒီတိုင်းရင်းနှီးချင်တာ´လို့ ကြောင်တောင်တောင်နဲ့ ပြန်ပြောမိတယ် ။ 'အော်.. ဒါဆိုမိတ်ဆက်ပေးရမှာပေါ့ အလကားတော့မရဘူးနော် ငါကဘာပြန်ရမှာလဲ ထားပါ.. အောင်သွယ်ခိုင်းတာမဟုတ်ဘူးဆိုတော့ အများကြီးမတောင်းတော့ပါဘူး မိုင်လိုပဲ၀ယ်တိုက် ´ဆိုပြီး သူ့ဘာသာမေး ၊ သူ့ဘာသာဖြေလို့ ကျွန်တော့်ကို လည်ပင်းဆွဲဖက်ပြီး မုန့်စျေးတန်းကို ဆွဲခေါ်သွားတော့တာပဲ ။ ကျွန်တော်ကလည်း ကားယားကြီး ပါသွားတော့တာပေါ့ ။ သူ့ဆီကရတဲ့
ချိုချဉ်ရေမွှေးနံ့လေး ကြားက ရင်တွေခုန်ရင်း တွေးမိတယ်။

Short Stories by DianaWhere stories live. Discover now