Recording With Blood [Unicode]

84 8 2
                                    

[Recording With Blood by Diana]

Reminder - This is a dark room. There has no romance,happiness and fairness. And this world will be gonna crazy because I am also crazy too. Read at your own risk. So don't blame me then.

**************
1)

[ပျော်ရွှင်မှုဆိုတဲ့ကလောင်နဲ့ စာရေးဆရာက မပျော်ရွှင်တဲ့စာတွေကို ရေးတယ်။
နောက်တော့ သူသတ်သေသွားတယ်။
ကြိုးကွင်းပေါ်မှာ ခပ်ပြုံးပြုံးပဲ။
မိသားစုလည်းမရှိဘဲ စာတစ်စောင်က ချန်ထားခဲ့သေးတယ်။
'ငါဝဋ်ကျွတ်ပြီ'တဲ့။

တစ်ခါတုန်းက ပျော်ရွှင်နေတဲ့ကလောင်နာမည်နဲ့ မပျော်ရွှင်တဲ့ စာရေးဆရာတစ်ယောက် ရှိခဲ့တယ်။
သူက ခပ်ပြုံးပြုံးသတ်သေသွားခဲ့တယ်။

-Melody]

မယ်လိုဒီဆိုတာ အရမ်းနာမည်ကြီးတဲ့ စာရေးဆရာ စိတ်ကျန်းမာရေး အကြံပေးတစ်ယောက်။

"ဆရာက စာအုပ်တွေ အများကြီး ဖတ်တာပဲနော်။ ကလောင်အသစ်တွေက သူတို့စာအုပ်တွေကို ဆရာဝယ်ဖတ်ပေးလို့ ရူးခါနေအောင် ပျော်ကြောင်း social media မှာ post တွေ ပလူပျံအောင်ရေးတင်နေကြတယ်။ ဆရာက လူတွေကို တကယ်စိတ်ဓာတ်ခွန်အားပေးနိုင်တာပဲ။ ငယ်ငယ်လေးနဲ့ အရည်အချင်း အရမ်းရှိတာပဲ။"

TV ထဲ စာရေးဆရာလေးက အပြုံးချိုချိုနဲ့ ပြန်ဖြေခဲ့တယ်။

"စာပေတိုင်းက တန်ဖိုးရှိပါတယ်။ တန်ဖိုးရှိတဲ့စာပေတိုင်းကိုလည်း မှတ်တမ်းတင်ထားသင့်တယ်။"

ဒီအသံက တောထဲမှာဆောက်ထားတဲ့ သစ်သားအပန်းဖြေအိမ်က တီဗီအိုကြီးဆီက ထွက်နေခဲ့တာ။ မှန်ပြတင်းကြီးကလာတဲ့ နေရောင်စူးစူးက အပန်းဖြေအိမ်ထဲမှာ စာအုပ်ဖတ်နေတဲ့ ဆံပင်ညိုညိုတွေနဲ့ ကျော့ရှင်းတဲ့ကောင်လေးရဲ့ မျက်နှာပေါ်ကျရောက်နေတယ်။ ကောင်လေးရဲ့ဘေးမှာလည်း ဖတ်ဖို့ချထားပုံပေါ်တဲ့ စာအုပ်တွေအထပ်လိုက်ပဲ။ စာအုပ်ဖတ်နေတဲ့ကောင်လေးက နောက်ဆုံးစာမျက်နှာကို အဆုံးသတ်လိုက်အပြီးမှာတော့ မျက်နှာမှာအပြုံးတစ်ပွင့်ပေါ်လာခဲ့တယ်။

"စာအုပ်ကောင်းပဲ။"
ပြောပြီး ကောင်လေးက ထလို့ အတွင်းခန်းထဲ ဝင်သွားခဲ့တယ်။ စာအုပ်ကိုလည်း ယူသွားပြီးပေါ့။

အခန်းထဲမှာ အပြင်က နေရောင်နွေးနွေးနဲ့ ဘာမှမဆိုင်ဘဲ မှောင်မည်းနေတယ်။ အခန်းရဲ့အလယ်မှာ ရေချိုးကန်တစ်ခု။ မှောင်မည်းနေတဲ့အခန်းထဲ သွေးညှီနံ့က တစ်ချက်တစ်ချက် ထွက်ထွက်လာတယ်။ ခြေသံကြားတော့ အခန်းထောင့်က မိန်းကလေးက ဂျောင်ကို ပိုပြီးတိုးကပ်သွားတယ်။ သူမ အော်ချင်ပေမယ့် မအော်နိုင်ဘူး။ ပါးစပ်ကို တိတ်နဲ့အပိတ်ခံထားရတယ်။ ဒါပေမယ့် သူမအော်နိုင်ရင်တောင် ဒီတောနက်ထဲမှာ ရှိတဲ့အိမ်ဆီက အော်သံကို ဘယ်သူမှကြားမှာမဟုတ်ဘူး။ စာအုပ်ကိုင်ပြီး လျှောက်လာတဲ့ကောင်လေးကတော့ နှုတ်ခမ်းမှာ အပြုံးကို ချိတ်ဆွဲထားတုန်းပဲ။ ခပ်မြင့်မြင့်မှာရှိတဲ့ ပိတ်ထားတဲ့မှန်ပြတင်း အသေးလေးဆီက လာတဲ့အလင်းရောင်အနည်းငယ်က သူ့မျက်နှာလှလှပေါ်ကျနေတယ်။

Short Stories by DianaWhere stories live. Discover now