အက်ကွဲရာများ [Unicode]

123 10 0
                                    

[အက်ကွဲရာများ]

တစ်ချို့သောအက်ကွဲမှုများသည် တစ်ဖက်ထဲက ကြိုးစား၍ ဖာထေးလို့မရနိုင်မှန်း ကျွန်မသိနားလည်ခဲ့ရသည်။ ဒါနောက်ဆုံးပါပဲ၊ ဒါနောက်ဆုံးပါပဲနှင့် ကိုယ့်ဘက်က ကြိုးစားဖာသော်လည်း သူကတော့ရှေ့ကနေ ပိုကြီးမားသောအက်ကွဲရာများကို ချန်ထားခဲ့လေသည်။

**************
(၁)

"နွေရယ် နင်ကြည့်စမ်းပါဦး။ အဲ့ကောင်တစ်ခါလည်းမဟုတ်ဘူး။ နှစ်ခါလည်းမဟုတ်ဘူး။ နင်ရှိနေရက်နဲ့တစ်ခြားမိန်းမလေးတွေနဲ့ဖြစ်ချင်တိုင်းဖြစ်နေတာ။ နင်ဘယ်အချိန်ထိခွင့်လွှတ်နေဦးမှာလဲ။"

ကျွန်မဘေးနားမှ အားမလိုအားမရပြောသံနှင့် ကျွန်မရှေ့မှ ဖုန်းစက်ခရင်ပေါ်က မိန်းကလေးတစ်ယောက်၏ ဆံပင်ကိုသပ်တင်ပေးပြီး ပြုံးရယ်နေသောမောင်။

ကျွန်မမောင့်ကို ချစ်ပါသည်။ ကျွန်မအတွက် ခံပြင်းနေသော သူငယ်ချင်းအား 'နင်ဘာလို့ငါ့ကိုဒါတွေလာပြနေရလဲ၊ ဘာလို့မောင်နဲ့ငါ့ကိုသွေးခွဲချင်ရတာလဲ' လို့ အော်ဟစ်ပစ်ချင်မိသည်အထိ ကျွန်မမောင့်ကို သိပ်ချစ်ပါသည်။ သို့သော် မောင်ကတော့ ကျွန်မကိုချစ်ပုံမပေါ်ပါ။ မောင်ကကျွန်မကို ချစ်တယ်ဟု ခဏခဏပြောတတ်သည်။ ယာဘက်ပါးပေါ်မှ ပါးချိုင့်လေးပေါ်သည်အထိ ပြုံးရယ်ပြီး မကြာခဏပြောတတ်ပါသည်။ ကျွန်မကတော့ ထို့သို့ အကြိမ်ကြိမ်မပြောတတ်။ မောင် အတင်းတောင်းဆိုသော အချိန်များတွင်မှ မနည်းအားယူပြီး ပြောရသည်။ ထိုသို့ ပြောရမည်ကို ရှက်သလိုလို အာစီးမိနေတတ်သည်။

သို့သော် လက်တွေ့တွင်တော့ ကျွန်မကမောင့်ကိုချစ်ရသူဖြစ်ပြီး မောင်ကတော့ ကျွန်မကိုချစ်ပုံမပေါ်ပါ။ ယခုလိုအခြေအနေမျိုး ဘယ်နှစ်ကြိမ်တောင်ရှိပြီလဲ ကျွန်မမရေတွက်တတ်တော့၊ မရေတွက်ချင်တော့။ မောင်ကကျွန်မကို ချစ်တယ်ဟုပြောသည်၊ ထို့နောက် တစ်ခြားမိန်းကလေးတစ်ယောက်နှင့် ပြုံးရယ်နေတတ်ပါသည်။

****************
(၂)

မောင်က မိန်းကလေးများကြားတွင် ရေပန်းစားသောကောင်လေးဖြစ်သည်။ ထိုမျှနှင့် ရပ်လားဆိုသည်တော့လည်း မရပ်။ မောင်က ပွေရှုပ်သောလူဆိုးလေးလည်းဖြစ်သည်။ မောင်က အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ်အချိုးအစား ပြေပြစ်လှသည်။ မျက်ခုံးထူထူ၊ မျက်လုံးကြည်ကြည်များနှင့် ယာဘက်ပါးပေါ်ရှိ ပါးချိုင့်နက်ကလေးအပြင် မောင်က စာလည်းသိပ်တော်သောကောင်လေးဖြစ်သည်။

Short Stories by DianaWhere stories live. Discover now