Closest Stranger [Unicode]

75 10 0
                                    

[Closest Stranger by Diana]

"ငါရပ်တန့်ပစ် လိုက်ချင်ပြီဟန်ရာ။ ဘာလို့တစ်ခြားတစ်ယောက်လဲ။ ဘာလို့ဘယ်တော့မှ ငါမဖြစ်နိုင်တာလဲ။ နင်ငါ့ကိုမချစ်ဘူးမလား? ဟင်!"
သူမက ရဲနေတဲ့မျက်၀န်းတွေနဲ့ ဆို့ဆို့နစ်နစ် ပြောလာတယ်။ အဲ့စကားကိုပြောဖို့ လွယ်ကူခဲ့ပုံတော့ မပေါ်ဘူး။

"လီယာ့ကို ကိုယ်ချစ်တယ်။"
နံရံကိုမှီထားပြီး စီးကရက် သောက်နေတဲ့ကောင်လေးက ဘာခံစားချက်မှမရှိတဲ့ပုံနဲ့ အဲ့စကားကို ပြောတယ်။ ချစ်တယ်လို့ ပြောနေတဲ့သူဆီမှာ အဲ့လောက်ခံစားချက်မဲ့တဲ့ မျက်၀န်းတွေ ရှိမနေသင့်ဘူးမလား။

"ဒါဆိုငါမေးတာကို နင်ဖြေပေးလေ။ ငါတို့က ဘာတွေလဲ? ငါတို့က ဘာတွေလဲလို့! နင်ငါ့ကို ချစ်တယ်လို့ အမြဲပြောနေခဲ့ပြီး ငါကဘာမှမဟုတ်ခဲ့ဘူး။ ၇နှဈရှိပှီဟနြ။ ချစ်တယ်ဆိုတဲ့စကားတစ်လုံးပဲ ငါရနိုင်တာလား? နင့်ဘေးနားကတစ်ယောက်ပြီး တစ်ယောက်ပြောင်းနေတဲ့ မိန်းကလေးတွေကို ငါထိုင်ကြည့်ခဲ့ရတာ ၇နှဈရှိပှီ။"

"ငါတကယ်ပင်ပန်းနေပြီ။ ဒီဘာမှန်းမသိတဲ့ အချစ်ကိုငါ ဆုပ်ကိုင်ထားခဲ့တာ ဒီအချိန်ထိပဲ။ ဖွင့်လည်းမပြောနိုင်ခဲ့ဘူး။ အခုတော့ငါမေးမယ်။ နင်ကငါ့ကိုနွေးထွေးပေးနေပေမယ့် ငါကဘာလို့....? ငါကနင့်အတွက် အမြဲတမ်း ဘယ်နေရာမှာ ရှိခဲ့တာလဲ၊ ဟင်... ပြော... ပြောလို့ဟန်ရာ။ ကျေးဇူးပြုပြီး ... "

သူမက ၇နှဈလုံးထိနြးခွုပထြားခဲ့ပုံရတဲ့ ခံစားချက်တွေအကုန်ပေါက်ကွဲထွက် လာသလို အော်ဟစ်ငိုယိုပြီး ပြောနေခဲ့တယ်။ စကားအဆုံးမှာ သူမထိုင်ချလိုက်တယ်။ မတ်တပ်ဆက် မရပ်နိုင်တော့သလိုမျိုး။ သူမက ရှိုက်ရှိုက်ပြီး ငိုနေတယ်။

ဟန်ဆိုတဲ့ကောင်လေးကတော့ မလှုပ်မရပ်ပဲ။ အနည်းငယ်တောင် ပြုံးယောင်သမ်းနေသလို။ သူရဲ့ယာဘက်ပါးပေါ်မှာ ရှိတဲ့ခပ်ပါးပါး ပါးချိုင့်လေးတစ်ဖက်က သူ့ကိုပိုချောမောစေသလို ဘာကိုမှဂရုမစိုက်တတ်တဲ့ပုံကိုလည်း ပိုအထောက်အပံ့ပေးနေတယ်။

တစ်စက္ကန့်၊နှစ်စက္ကန့်၊သုံးစက္ကန့် ...

"ကိုယ်မညာပါဘူး။ ကိုယ်လီယာ့ကို တကယ်ချစ်တာပါ။"
ခဏတာ တိတ်ဆိတ်မှုအပြီးမှာ သူကအဲ့စကားကိုပဲ ထပ်ပြီးပြောပြန်တယ်။ လေတိုးသံလေးလိုပဲ အသံကခပ်တိုးတိုး၊ ကိုယ့်ဘာသာပြန်ရည်ရွတ်နေသလိုမျိုး။ ငိုနေတဲ့ သူမကို ချော့ဖို့စိတ်ကူးရှိဟန်လည်း မပေါ်ဘူး။ ထွက်လည်း မသွားဘဲ နံရံကိုမှီပြီး စီးကရက်ကိုပဲ ဆက်သောက်နေခဲ့တယ်။

Short Stories by DianaWhere stories live. Discover now