Untitled [Unicode]

106 12 0
                                    

ဒီနေ့တော့စိတ်တိုတိုနဲ့ အစ်ကို့ပုံတွေကို love react ပေးထားတာအကုန်ပြန်ဖြုတ်ပစ်ခဲ့တယ်။
စောက်ဂရုကိုမစိုက်တော့ဘူးလို့ အရွဲ့တိုက်ပြချင်တယ်။
တကယ်တမ်း တစ်စက်မှအရေးမလုပ်တာ အစ်ကိုဖြစ်နေလည်းပေါ့။
ဆယ်နှစ်၊ ဆယ်နှစ်တောင် ရှိပြီ။
အစ်ကိုကတစ်စက်လေးမှလှည့်ကြည့်မလာဘူး။
တောက်တက်လိုကပ်နေတဲ့ကျွန်တော့်ကိုလေ။
အခုထိ ဒီ account ရဲ့ messenger မှာ block ပြန်မဖြည်ပေးသေးတာကိုပဲကြည့်။
အဲ့ဒါဘယ်တုန်းထဲက ထင်တုန်း၊ သူအထက်တန်းနောက်ဆုံးနှစ် ကျွန်တော်အလယ်တန်းဒုတိယနှစ် အစ်ကို့မားသားကြီးအစ်ကို့ကိုကွိုင်ရှာလိုက်ကတည်းက။
လွန်ခဲ့တဲ့ဆယ်နှစ်က။
တကယ်ကိုဗျာ။
အစ်ကိုကမလွန်လွန်းဘူးလား။
ခါတိုင်းဆို ကျောက်ဆောင်တောင် နှဲ့ပါများရင်နဲ့သေးတာပဲ၊ အစ်ကိုကတစ်နေ့သေချာပေါက်ငါ့ကိုပြန်ချစ်မှာလို့ ကြွေးကျော်နေတဲ့ကျွန်တော်လည်း အဲ့ရေခဲတုံးလူကြီးက တကယ်တော့ ကျွန်တော့်ကိုဘယ်တုန်းကမှ မချစ်ခဲ့ပါဘာညာနဲ့ ဒီပျက်ရှင်တွေ၀င်လာတာပေါ့။
အဲ့တစ်နေ့ကဘယ်တော့မှမရောက်တော့မှာလိုပဲကိုး။
အဲ့လိုနဲ့ စာရေးပြီး တင်လိုက်တယ်။
မုန်းတယ်သာပြောနေပေမယ့် ဟိုလူကြီးကိုလည်း မြင်စေချင်သေးတော့ ပါ့ပလစ်နဲ့ပေါ့။
အဲ့လူ့ဂွစာက သွား add ရင်ဘယ်တော့မှ လက်မခံဘူး။
Acc ထဲသာ၀င်၀င်ချောင်းပြီး တစ်ခါတစ်လေကျ လက်မကြီး၀င်၀င်ထောင်သွားတတ်တာ။
သူမဟုတ်သလိုပဲ။
သူများဆို အဲ့လက်မ မင့်တို့ဖင်ထဲထိုးထည့်ထားလိုက်လို့ ပြောတတ်တဲ့ကျွန်တော်က အစ်ကို့လက်မကြီးကျ တစ်ပြုံးပြုံးနဲ့ပေါ့ဗျာ။
မျောက်အုန်းသီးရသလိုပဲ။
အားတိုင်းထိုင်ကြည့်နေတာ။
လက်မတစ်ခုနဲ့တင် ကျွန်တော့်စိတ်ကူးထဲတော့ ဟာဝိုငျရီမှာ မင်္ဂလာတွေဆောင်ပြီးနေပြီတို့ ဘာတို့ပေါ့။
ကျွန်တော်က စောက်ရူးတော့မဟုတ်ပါဘူး။
အချစ်ရူး။

"အကြည်ဓာတ်လေးဟာ စောက်မြင်ကပ်စရာ"လို့ ခပ်ရွဲ့ရွဲရေးတင်လိုက်တယ်။
စိတ်အခြေအနေဟာ အီစီကလီ တီတီတာတာရေးရတဲ့အထိ ကောင်းမနေပါ။
တစ်ယောက်ထဲကောက်ပြီး တစ်ယောက်ထဲပြန်ပြေမယ့် စိတ်ကောက်ပွဲကျင်းပနေတယ်လေ။
အကြည်ဓာတ်လေးဆိုတာ တစ်ခြားမထင်နဲ့။
အစ်ကို့ကို ကျွန်တော်ရိုဆန်ဆန်ခေါ်တဲ့ နာမည်ပါပေါ့ဗျာ။
အစ်ကိုကအကြည်ဓာတ်လေး။
သူ့ကိုတွေ့တဲ့သူတိုင်း နွေပူပူတောင် အေးချမ်းသွားသလိုမျိုး ခံစားရလိမ့်မယ်။
သူ့မှာအပူမရှိဘူးလို့တော့ ကျွန်တော်မပြောပါဘူးဗျာ။
ဒါပေမယ့် မျက်နှာမှာမပေါ်တာ။
အစ်ကို့ကိုစတွေ့ထဲက အေးအေးချမ်းချမ်းပုံစံလေးမို့ သဘောကျတာ။
လိမ်မယ့်၊ဟန်ဆောင်မယ့်အစား စကားမပြောဘဲ နေလိုက်မယ်ဆိုတဲ့စတိုင်လ်မျိုး။
ကျွန်တော်က အစ်ကိုကလွဲ တစ်ခြားယောကျာ်းတွေအကုန်ကို စိတ်ရှုပ်စရာလို့ မြင်တာပဲ။
အစ်ကို့ကိုတော့ လေးစားတယ်။
စတိတ်ကျောင်းမှာထဲက အစ်ကိုကရှုပ်ရှုပ် ရှုပ်ရှုပ်တွေလုံး၀မလုပ်ဘူး။
ကျွန်တော်ခိုးကြည့်တာ မြင်ရင် ပြုံးနေတာလောက်ပဲ။
ခပ်ရှင်းရှင်း ပြောရရင် အရေးကိုမလုပ်တာဗျာ။
အဲ့လိုလုပ်ပေးတာ ကျေးဇူးတင်တယ်။
စကားပြန်ပြော၊ အီစီကလီပြန်လုပ်ပြီး အဲ့ကောင်မလေးက အဲ့လိုကွ၊ငါ့ကိုဘယ်လိုတောင်ဖြစ်နေတာ ဘာညာနဲ့ နောက်ကွယ်မှာ ပြန်ပြော ပါးစပ်အရသာခံနေတဲ့ ယောကျာ်းတွေထက်တော့ ကျွန်တော့်အစ်ကိုက အပုံကြီးသာတယ်ပေါ့ဗျာ။
ကဲ ထားပါ။
သူ့ချီးကျူးနေတာ တော်လောက်ရောပေါ့။
အစ်ကို့ကို ကျွန်တော်ကြိုက်လာတဲ့ journey ကြီးကို ပြောရမယ်ဆိုတော့အရှည်သား။
ဒါကြောင့် ကျွန်တော်ပက်ပက်စက်စက် အရှက်တကွဲပလစ်ခံခဲ့ရတဲ့ စတိတ်ကျောင်းတုန်းက အကြောင်းတွေကို ကျော်သင့်တာကျော်ပြီး ခပ်မြန်မြန်အတိုချုံးပြောမယ်။
စတွေ့တာက ဆုပေးပွဲမှာ လူရည်ချွန်၀တ်စုံနဲ့ အစ်ကို့ကို မနူးမနပ်နဲ့ကျွန်တော်က မြင်မြင်ချင်းကြွေသွားတာပေါ့ဗျာ။
အစ်ကိုက ရေခဲတုံး။
ရေခဲတုံးတောင် ရိုးရိုးမဟုတ်ဘူး။
အမေချစ် စူပါရေခဲတုံး။
ကျွန်တော်တို့ကြားက အီစီကလီမဖြစ်တဖြစ် ဆက်ဆံရေးလေးကို သူ့အမေအထက်တန်းပြ ဆရာမဆီပြန်ပေါက်ကြားသွားပြီး ကျွန်တော်စောက်ဖက်အလုပ်မခံရတော့တာပေါ့ဗျာ။
အီစီကလီမဖြစ်တဖြစ်ဆိုတာကလည်း လူကြားကောင်းအောင်ပြောတာ။
တကယ်က အစ်ကိုကခပ်တည်တည်နဲ့ အစ်ကို့သူငယ်ချင်းအမကတစ်ဆင့် ကျွန်တော်ပေးတဲ့တံစိုးလက်ဆောင်တွေကို ယူရုံလောက်လေးပဲ။
ကျန်တဲ့အချိန်စောက်ဖက်ကို မလုပ်တာ။
Messenger မှာလည်းစာမပြန်၊ ထားပါ၊ ကျွန်တော်ကိုကစကားမပြောတတ်ဘဲ စိတ်ရှုပ်စရာကို့ရို့ကားယားတွေပို့မိတာပါ။
အခုပြန်စဉ်းစားကြည့်တိုင်း အစ်ကို့နေရာမှာငါသာဆို အဲ့လူနားမလည်တဲ့စကားတွေပြောတဲ့ဟာကို စောက်ကန်ပစ်မိမှာလို့ တွေးမိလို့ ကျော်တယ်၊ ထား။
အစ်ကို့ကိုခွင့်လွှတ်ပါ၏။
ဒါပေမယ့် ခင်ဗျားတို့ စဉ်းစားကြည့်ဗျာ။
ကျွန်တော်တို့ စာမေးပွဲနောက်ဆုံးနေ့၊ စာမေးပွဲကအတန်းအလိုက် နေ့နဲ့အချိန်တွေကွာတာမို့ ဒါအစ်ကို့ကိုကျွန်တော်နောက်ဆုံးတွေ့ရတဲ့နေ့။
ဖွင့်ပြောမလို့ ရှိသမျှအားတွေအကုန်ထုတ်ပြီး သတ္တိစုထားတာဗျာ။
အစ်ကိုတို့နှစ်ထပ်ဆောင်ရှေ့ ငုတ်တုပ်လေးပေါ့။
အစ်ကိုကတော့ မဝံ့မရဲဆင်းလာပြီး ကျွန်တော့်မြင်တာနဲ့ မုန့်စျေးတန်းကို နောက်ကဂေါ်ဇီလာလိုက်လာသလို အမြန်နှုန်းနဲ့လျှောက်တာဗျာ။
လမ်းမှာ လှမ်းနှုတ်ဆက်တဲ့သူ့ သူငယ်ချင်းကိုတောင် စကားကောင်းကောင်းပြန်မပြောနိုင်ဘူး။
ပြီးတော့ ထမင်းသုပ်နှစ်ဘူးကို လေအလျင်နဲ့၀ယ်ပြီး သုတ်ခြေတင်ပြေးတော့တာပဲ။
အသွားကလိုအမြန်လျှောက်တာမဟုတ်ဘူးနော်။
ပြေးတာ၊ ပြေးတာ။
ကျွန်တော့်မှာ အရိပ်တောင် မမိလိုက်ဘူး။
တကယ်လို့ သူ,မပြေးဘူးဆိုရင်ရော ကျွန်တော်ဖွင့်ပြောရဲလားဆိုတော့... နိုး။
ကြောက်တယ်ဗျ။
ဖုန်းထဲမှာခွင့်ပြုချက်ရထားတဲ့ "ကိုကို" လို့တောင် လှမ်းမခေါ်ရဲဘူး။
အဲ့လိုပေါ့လေ။
အဲ့နေ့က အခန်းထဲမှာ ငိုလိုက်ရတာဆိုတာ။
သူငယ်ချင်းနှစ်ယောက်ကတော့ အခန်းဖော်တွေကို ဝိုင်းလိမ်ပေးရှာပါတယ်။
ချော်လဲပြီး ဒူးပြဲလာလို့ ငိုနေတာတဲ့။
တိန်... တစ်သက်လုံးထိန်းသိမ်းလာတဲ့ မောနင်းထရက် ဂုဏ်သိက္ခာတွေ အကုန်ကုန်တာပဲ။
ဟိုဟာတွေက မယုံဘူးဆိုလို့ ဒင်းတို့ကကျွန်တော့်ထမီပါ လှန်ပြဖို့ကြံနေကြသေးတာ။
အဲ့လို ဘာဘာညာညာတွေ ပြဿနာတွေများခဲ့ပြီး အစ်ကိုကကျောင်းပြီးသွား တက္ကသိုလ်ရောက်၊ ကျွန်တော်ကကျန်ခဲ့ပေါ့လေ။
ဒါပေမယ့် ကံတရားက ကျွန်တော့်ဘက်မှာဗျ။
ကျွန်တော်တက်တဲ့ အင်္ဂလိပ်စာကျူရှင်မှာ အစ်ကိုက ဆရာမလက်ထောက်လေးအဖြစ် ရောက်လာတယ်ဗျာ ဟိဟိ။
အဲ့လိုနဲ့ ကျွန်တော်က ခိုးကြည့်လိုက်၊ သူကပြုံးလိုက်၊ သူကပြုံးလိုက်၊ ကျွန်တော်ကခိုးကြည့်လိုက် ဇာတ်လမ်းက ပြန်စလာတယ်ပေါ့ဗျာ။
တစ်ခုရှိတာက အစ်ကိုစာမေးရင် ကျွန်တော်အမြဲလွတ်တယ်။
အစ်ကိုကကျွန်တော့်နာမည်လည်း မခေါ်သလို၊ အစ်ကို့လက်ညှိုးကလည်း ကျွန်တော့်ဆီဘယ်တော့မှ ရောက်မလာဘူး။
အစ်ကို့ဆီက နာမည်အခေါ်ခံရတော့မယ်လို့ မျှော်လင့်ခဲ့တဲ့ကျွန်တော်ကတော့ ငိုရမလို၊ရယ်ရမလိုပါပဲ။
နောက်ဆုံးတော့လည်း ရယ်ခဲ့ပါတယ်။
စာမေးမခံရတာဘယ်လောက်ကောင်းလဲ။
ဘဝြကီးဆိုတာ နေတတ်ရင် ကျေနပ်စရာပါပဲ။
အစ်ကို အမှတ်စစ်ပေးတဲ့နေ့ဆို အစ်ကို့နာမည်အတိုခေါက်လေး စာအုပ်ထဲပြန်ပြန်ပါလာရင် ကျွန်တော့်မှာ ၀မျးသာမဆုံးတဈပွုံးပွုံး။
ဒါနဲ့ပဲ ကျောင်းပိတ်ရက် ပြီးသွားတယ်ပေါ့လေ။
ဘာအဆင့်မှတက်မသွားရှာပါဘူး။
သနားစရာ၊ ကျွန်တော်ကလည်း အပြင်မှာတွေ့ရုံ ခိုးကြည့်ရုံအပြင် ဘာမှ မှမလုပ်ရဲတာကိုဗျ။
အစ်ကိုကလည်း တက္ကသိုလ်တွေဖွင့်တော့ စာလာမစစ်ပေးတော့ဘူး။
ဘယ်လိုပဲဆိုဆိုလေ၊ ကျွန်တော့်လောက်ကံကောင်းတဲ့သူ ကမ္ဘာပေါ်မှာ ဘယ်နှစ်ယောက်ရှိနိုင်မှာကျ။
ဘယ်တော့မှပြန်မတွေ့နိုင်တော့ပါဘူးဆိုပြီး အာဗြဲနဲ့အော်ငိုမိတဲ့အထိ သဘောကျရတဲ့အစ်ကိုကြီးက ကိုယ်တွေရဲ့စာစစ်ပေးတဲ့သူအဖြစ်ရောက်လာတာ။
မရတော့ဘူး၊ ကျွန်တော်ကတော့ အစ်ကိုနဲ့ကျွန်တော်က နတ်ဖက်တဲ့ဖူးစာလို့ ကောက်သတ်မှတ်ပစ်တာပဲ။

Short Stories by DianaWhere stories live. Discover now