Also The Clouds Love

119 11 4
                                    

(Unicode)

"Also The Clouds Love"

၁ ။

How To Be Brave || How Can I Love When I'm afraid To Fall

-----------
မိုးရေစက်များ မြေကြီးပေါ် တတောက်တောက်ဖြင့် ကျနေသံသည် ဆွေးမြေ့ ဟောင်းနွမ်းနေသော တယောအိုတစ်လက်၏ မြည်တမ်းသံနှင့် ဆင်တူလှပါသည် ။ ဖျော့တော့သောလမ်းမီးရောင်သည် လင်းတစ်လှည့် ၊ မှိန်တစ်လှည့် မှိတ်တုပ်မှိတ်တုပ် ပိုးစုန်းကြူးတစ်ကောင်အလား ။ မိုးရွာသောညတွင် ကြယ်များထွက်တတ်သလား ၊ ဆွေးဆွေးမှောင်နေသောကောင်းကင်ပေါ်တွင်တော့ အလင်းရောင်တစ်ချို့ တဖျတ်ဖျတ်တောက်ပနေသယောင် ။

ကမ္ဘာမြေသည် နှစ်ပေါင်းများစွာကြာရှည်တည်တံ့နေသော ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သည် ။ ကမ္ဘာမြေပေါ်ရှိ ရှေးဟောင်းပစ္စည်းများပေါ်ပေါက်မလာမီကတည်းကပင် ကမ္ဘာမြေသည် တည်ရှိနေခဲ့သည် ။ ထို့ကြောင့် ကမ္ဘာမြေသည် သတ္တဝါပေါင်းများစွာထံမှ နှစ်ဟောင်းများစွာ လွဲပြောင်းယူလာရသော လေးလံသည့်ခံစားချက်များဖြင့် ဆွေးဆွေးမြေ့မြေ့ရှိလှပါသည် ။

လမ်းမီးတိုင်အောက်တွင် ဖျော့တော့သောပုံရိပ်လေးတစ်ခု ရှိနေသည် ။ တစ်နည်းအားဖြင့် တိတိကျကျဆိုရသော် အမျိုးသားတစ်ယောက် ။ မိုးရေထဲတွင် ထီးဆောင်းဖို့က မဖြစ်မနေလိုအပ်ပါသလား ။ ထိုသူကတော့ ဆောင်းမထားခဲ့ ။ လမ်းလေးက လှပသော်လည်း ထိုသူနှင့် သဟဇာတဖြစ်နေပုံမပေါ်ပါ ။ ကမ္ဘာမြေအပေါ် သူ၏အမြင်သည် ဆွေးမြေ့နေလောက်သည် ။ မိုးရေများ ရွဲရွဲစိုနေ​သော သူ၏ကုတ်အရှည်ကြီးကဲ့သို့ အေးစက်နေလောက်သည် ။ မြေပြင်ပေါ်သို့ မထင်မရှားကျနေသော သူ၏အရိပ်ကဲ့သို့ အထီးကျန်ဆန်နေလောက်သည် ။

ထို့နောက်တွင်တော့ လမ်းမီးတိုင်လေး၏ အလင်းစက်ဝန်းအောက် မီးခိုးရောင်ထီးတစ်ချောင်း ဝင်လာခဲ့သည် ။ မြေပြင်ပေါ်တွင် ဝပ်၍အိပ်စက်နေသောမိုးရေများသည် အနီရောင်လေဒီရှူးတစ်စုံ၏ ကြမ်းတမ်းသောနှောင့်ယှက်ခြင်းအား ခံလိုက်ရသည် ။ သို့သော်လည်း ပြင်းထန်သောခြေလှမ်းအရှိန်သည် မိုးတဖွားဖွားကျနေသောညတစ်ညတွင် ရေအိုင်များ၌ ခုန်ပေါက်ဆော့ကစားခြင်းနှင့် ဆင်သယောင်ယောင်ရှိ၍ လိုက်ဖက်နေလျက် ရှိပါသည် ။

Short Stories by DianaWhere stories live. Discover now