Do you love me? [Unicode]

118 12 2
                                    

[Do you love me? by Diana]

"တော့ပိုကီတစ်ပွဲမမ။ ငါးအသားပြားများများထည့်ပေးနော်။ ကျွန်တော်ကအဲ့ဒါကြိုက်လို့.. ဟီး။"

"တစ်ပွဲကိုသူ့ limit နဲ့သူပါပဲ။"

မမက မျက်နှာတည်နဲ့ ပြန်ပြောတယ်။ မပူပါနဲ့၊ မပူပါနဲ့။ ကျွန်တော်မရှက်ပါဘူး။ မမကိုလိုက်နေတဲ့ ငါးနှစ်အတွင်း အရှက်ဆိုတာ အကုန်ပြောင်ခဲ့ပါပြီ။ မမကအဲ့လိုပြောလည်း နောက်ကျ ကျွန်တော့်ပန်းကန်ထဲမှာ ငါးအသားပြားတွေ ဖုံးနေအောင် ထည့်ပေးလိုက်တာပါပဲ။

မမက ဘယ်သူလဲဆိုတော့ ကျွန်တော့်ကောင်မလေးလောင်းပေါ့။ အဟမ်း.. ပါးစပ်သရမ်းရတာများ အရသာရှိလိုက်တာနော်။ တကယ်တော့ မမက ကျွန်တော့်ရဲ့ စီနီယာ၊ စာတအားတော်တဲ့စီနီယာ။ မမက ဆရာမတွေ ချစ်တဲ့ ဂုဏ်ထူးဆောင် အင်ဂျင်နီယာလောင်းဖြစ်ပြီး ကျွန်တော်ကတော့ စာရေးရတာပဲ ဝါသနာပါတဲ့ ဆရာမတွေအထုခံ အင်ဂျင်နီယာလောင်းပေါ့။ ကမ္ဘာပတ်၀န်းကျင် ထိန်းသိမ်းကာကွယ်ရေး စာစီစာကုံးပြိုင်ပွဲမှာ ဆရာမတွေက မမနဲ့ကျွန်တော့်ကို တစ်ဖွဲ့ထည့်ချလိုက်တယ်လေ။ အဲ့ဒါကအင်ဂျင်နီယာတွေနဲ့ ဘာဆိုင်လဲဆိုပြီးကျွန်တော့် ခပ်တိုးတိုးအငြီးမှာ အသံတစ်သံနောက်နားက ထွက်လာတယ်။ ကမ္ဘာမြေကို ထိန်းသိမ်းဖို့က ကမ္ဘာပေါ်က လူသားတိုင်းနဲ့ သက်ဆိုင်တယ်တဲ့။ နေရာအားဖြင့် စာကြည့်တိုက်မှာ၊ အချိန်အားဖြင့် ၅ရက်၊၆လ၊၂၀၁၆ခုနှစ် ၁၂:၁၅၊ ကျရှုံးသူအားဖြင့် ကျွန်တော့်နှလုံးသား။ ဟုတ်ပါတယ်၊ ကျွန်တော်မမကို ပထမဆုံးတွေ့ဆုံမှုမှာတင် fall in love သွားတာ။ ဒါပေမယ့် တည်တင်းနေတဲ့မမမျက်နှာအရ ကျွန်တော့်အပေါ်မမရဲ့ first impression ကတော်တော်ဆိုးဆိုးရွားရွား။ ကျွန်တော် မျက်ရည်မကျဘဲ ငိုချင်လာတယ်။ ဘာပဲဖြစ်ဖြစ်လေ ရှေ့လျှောက်ပြန်ကောင်းအောင် ပြောင်းလဲပစ်လိုက်လို့ရတာပဲဟာ။ ကျွန်တော်အားမလျှော့ပါဘူး။ ဖိုက်တင်း..!

ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်၊ စာရေးသင်ပေးခဲ့တဲ့ အမေ့ကိုကျေးဇူးတင်ပါတယ်၊ လက်ရေးလှတယ်ဆိုပြီး စာတမ်းရေးဖို့အတင်းထိုးထည့်ပေးလိုက်တဲ့ ဆရာမတွေကိုကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးတွေကြောင့် ကျွန်တော်အသည်းတစ်ခြမ်းကို ရှာတွေ့ခဲ့တာ။

Short Stories by DianaWhere stories live. Discover now