About Story

13.4K 390 22
                                    

(Unicode)

ကဲ စလိုက်ပြန်ပါပြီ နောက်တစ်ပုဒ်ပေါ့။

ဟန်မီဟာ အတော်ကို လက်မငြိမ်တဲ့ စာရေးသူတစ်ယောက်ပါ။ ပြောရမယ်ဆိုရင် ရေးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်က မဆုံးသေးဘဲ အသစ်ရေးချင်နေပြီး ဇာတ်လမ်းအသစ်ရဲ့ ရေးပြီးတဲ့အပိုင်းတွေကိုလည်း ကိုယ့်ဘာသာ ဥထားဦးမယ်လို့ တေးထားပေမယ့် မနေနိုင်တဲ့သူမျိုးပါ။

ငါတော့ တစ်ပိုင်းဖြစ်ဖြစ် တင်လိုက်ဦးမယ်လို့ ကြံလိုက်တော့မှ စိတ်ထဲမှာ နေသာထိုင်သာ ရှိသွားတာမို့ စာဖတ်သူတို့ကပဲ ဟန်မီ့ကို စိတ်ရှည်သည်းခံပေးကြပါနော်။

"ကြူး" ဆိုတဲ့ ဇာတ်လမ်းကလေးကို plotရထားတာတော့ အတော်ကြာပါပြီ။ ရေးဖြစ်တာကတော့ ၂၀၂၁ရဲ့ မတ်လလယ်ကို ရောက်မှ ရေးဖြစ်တော့တယ်။ အင်တာနက်လိုင်းတွေပြတ်သွားတော့ ကိုယ်လည်း ဘာမှ လုပ်စရာမရှိလို့ စရေးဖြစ်ခဲ့တာပါ။ အပိုင်းတွေ အကုန်လုံးပြီးမှ တင်မယ်ဆိုရင် ဘယ်လောက်အထိ ကြာနေမယ်မသိလို့ တင်လိုက်ရခြင်းဖြစ်ပါတယ်။

"မျှော်လင့်ခြင်းဟာ ကမ္ဘာဖြစ်စေ"ကို စောင့်နေကြတဲ့ စာဖတ်သူတို့ကတော့ စိတ်မဆိုးပါနဲ့။ ဟန်မီ မမေ့ပါဘူးနော်။ ရေးနေပါတယ်။ (တစ်လုံးချင်းစီဖြစ်နေလို့ ကြာနေတာxd)

"ကြူး" ကို ပြန်ဆက်ရရင် ဇာတ်လမ်းကလေးက ရိုးရှင်းလွန်းပါတယ်လို့။ အဓိက Main Character ကောင်လေးနှစ်ယောက်ရှိမယ်ကွာ။ ကျောင်းသားဘဝကနေ စတဲ့ ဇာတ်လမ်းကလေးဖြစ်လို့ ဟန်မီ့လို ငြိမ့်ငြိမ့်ကလေး ဖတ်ရတဲ့ဇာတ်လမ်းတွေကို ကြိုက်တတ်တဲ့ စာဖတ်သူတွေ ကတော့ သဘောကျမှာ သေချာတယ်။

အရင်က ဇာတ်လမ်းတွေမှာဆိုရင် ဟန်မီ့ရေးဟန်က ဇာတ်လမ်းတစ်ပုဒ်တည်းမှာတင်ကို စာရေးသူရဲ့ povဘက်ကရော၊ ဇာတ်ကောင်နှစ်ယောက် စလုံးရဲ့ povဘက်ကနေရော ရောကောသောကော ရေးတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ဒီဇာတ်လမ်းမှာတော့ အစကနေ အဆုံးအထိကို ဇာတ်ကောင်တစ်ယောက်တည်းရဲ့ povဘက်ကနေပဲ ရေးသွားမယ်လို့ ပြောချင်ပါတယ်။ (ပြောဖို့တော့ မလိုပေမယ့် ပြောချင်လို့ပါ)

ဟန်မီလည်းရေးရတာ ​နည်းနည်းလက်ဝင်ပေမယ့်လို့ အများကြီး ကြိုးစားထားတဲ့အတွက် စာဖတ်သူတို့က ဟန်မီ့ကို ဝေဖန်စရာတွေ့ရင်လည်း အားမနာတမ်း ဝေဖန်ပေးကြပါ။ ဖတ်ရတာ ကျေနပ်တယ်ဆိုရင်လည်း တခြားသူတွေကို ပြန်မျှဝေပေးပါ။

ကြူး(KYUU)Where stories live. Discover now