Part 45(Unicode)

1.8K 244 31
                                    

၂၀၁၁ခုနှစ်၊ အောက်တိုဘာလ၊ ၂၂ရက်၊ စနေနေ့။

"အနွယ်...ပြီးပြီလား။ ညည်းမလည်း ကြာလိုက်တာ။
ငါတို့ နောက်ကျနေဦးမယ်။"

"ပြီးပါပြီ အမေရဲ့။ ကိုယ့်တူမလေး မင်္ဂလာဆောင်ဆိုတော့ သေချာပြင်ဆင်နေရသေးတာ။ အမေ့မြေးရော...။"

"သူက ပိုတက်ကြွ။ ကားပေါ်တောင် ရောက်နေပြီ။
အရင်ရပ်ကွက်ဆီ သွားရမှာမို့လားမသိဘူး မြောက်ကြွမြောက်ကြွနဲ့လေ။"

"အပျိုလေးတွေရေ...မပြီးသေးဘူးလားဗျို့။ အလှပြင်တာ တော်တော်ကြာပါတယ်ဗျို့...။"

မြူးနေတဲ့စိတ်ကြောင့် အလိုလိုအော်ဟစ်မိတော့
ကားဆရာဦးကောင်းကပါ ကျွန်တော်နဲ့အတူ ဝိုင်းရယ်လာ၏။ ကျွန်တော်တို့မိသားစု လှည်းကူးကို ပြောင်းလာသည့်
အချိန်ကာလက ပြီးခဲ့သည့် ရှစ်လပိုင်းမှာတင် နှစ်နှစ်ပြည့်သွားခဲ့ပြီ။ အိမ်ပြောင်းကာစတုန်းက မိုးပြိုမတတ် ဝမ်းနည်းနာကျင်ခဲ့ရသည့် စိတ်ခံစားချက်က အချိန်ကြာလာတာနဲ့အမျှ ပို၍လျော့ပါးလာပြီး ပစ္စုပ္ပန်အချိန်မှာတော့ ကျွန်တော်ဟာ ပျော်ရွှင်တက်ကြွသော ကောင်လေးတစ်ယောက်သာ ဖြစ်နေမြဲ။

အောင်စာရင်းထွက်ပြီးနောက်ပိုင်း ကျွန်တော့်အပေါ်
အလေးထားမှု ပြန်ပေးလာသော ဖေဖေက တက္ကသိုလ် ပညာသင်စရိတ် ထောက်ပံ့မည်ပြောသည်ကို မေကြီးက ငြင်းခဲ့၏။ အိုးအိမ်သစ်ထူထောင်ပြီးတော့မှ အရင်အိမ်ထောင်ဟောင်းနှင့် ပတ်သက်နေဦးမည့် အခြေအနေကို လက်မခံနိုင်၍ဖြစ်သည်။ မည်သို့ပင်ဆိုစေ အဖေနှင့်သားဟူသော သွေးသားဆက်နွယ်မှုကြောင့် ပစ်ပစ်ခါခါ လုပ်မရသည့်အဆုံး...ဖေဖေ့ဝေစုထဲက တချို့ တစ်ဝက်ကို ကျွန်တော့်နာမည်နှင့် ဘဏ်မှာထည့်ထားမည်ဟု ဆုံးဖြတ်ခဲ့ကြ၏။

ဖေဖေက သူ့တာဝန်ယူမှုကို ငွေကြေးနှင့် ပြသခဲ့ခြင်းဖြစ်ပြီး ကျွန်တော့်အနေနှင့်ကျတော့ ထိုအဖိုးအခကြီးက မေတ္တာနှင့် လဲလှယ်လိုက်ရသော ဆုံးရှုံးမှုတစ်ခုထက်အပြင် မပိုခဲ့...။

ထို့နောက် မိန်းမသားသုံးယောက်၊ အရွယ်မရောက်သေးသော ဆယ်ကျော်သက်တစ်ယောက်နှင့် ပတ်ဝန်းကျင်အသစ်တွင် အခြေချဖြစ်သည့် ၂၀၀၉-၂၀၁၀ဝန်းကျင်...။

ကြူး(KYUU)Where stories live. Discover now