Part 39(Unicode)

1.8K 243 61
                                    

"မင်းတို့အိမ်ရောင်းတော့မယ်ဆို..."

"ငါ ဆယ်တန်းဖြေပြီးတော့မှပါ။"

"ဒါဆိုရင် ဒီသတင်းက အမှန်ပေါ့။"

ကျွန်တော် ကြူးကိုမကြည့်ဘဲ ခေါင်းညိတ်ပြလိုက်ပြီး စကားသံထပ်ထွက်လာဦးမလား စောင့်နေမိပေမယ့် တိတ်ဆိတ်လွန်းမက တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ အရင်ညတွေကလို လေတိုး​သံလေးနည်းနည်းတောင်မှ မကြားရဘူး။ ဒီတစ်နေ့လုံး ကြူးတစ်ယောက် ခါတိုင်းနဲ့မတူဘဲ ကျွန်တော့်ကိုလည်း
စကားမပြော၊ ဘာမပြောနဲ့မို့ စိတ်ထဲခိုးလို့ခုလုဖြစ်နေမိတာက အခုတော့ ရှင်းသွားခဲ့ပြီ။

ကိုကြီးဇင်ထူးတို့အိမ်က အပြန်၊ ကျွန်တော်တို့နှစ်ယောက်ရဲ့ လျှို့ဝှက်တွေ့ဆုံရာလေးဆီ အရောက်မှာမှ ကြားရတဲ့စကားက ရပ်ကွက်ထဲက အတင်းအဖျင်းတွေပေါ် အ​ခြေခံနေခဲ့ပြီး တည်ငြိမ်ပေမယ့် ဖျော့တော့တဲ့ ​လေသံလေးမှာ အပိုထပ်ဆောင်းလာတာကတော့ ဟုတ်လား၊ မဟုတ်လား အတည်ပြုလိုတဲ့ မျှော်လင့်ချက်လေးတစ်ခုနဲ့....။

"ငါ ပြောမလို့ပါဘဲ...ကြူးရာ"

"ဘယ်တော့မှလဲ"

တစ်ဆက်တည်း ထွက်လာတဲ့အသံကြောင့် ကျွန်တော် ကြူးကို မော့ကြည့်တော့ လရောင်အရှိန်အဝါဟပ်နေတဲ့ မျက်ဝန်းတွေနဲ့ ရင်ဆိုင်တိုးလိုက်ရသည်။

သူ ကျွန်တော့်ကို စိတ်ဆိုးသွားတာလား...။

ထိုအချိန်လေးအတွင်း ကူကယ်ရာမဲ့သွားရတဲ့
ကျွန်တော့်မျက်လုံးထဲမှာ ကြူးရဲ့ မျက်မှောင်ကြုတ်တွေကလွဲပြီး ဘာဆိုဘာမှ မမြင်တော့တဲ့အပြင် တစ်ခုခုပြောလိုက်ဖို့ကိုလည်း တွန့်ဆုတ်နေခဲ့မိ၏။ ဖြေရှင်းချက်လိုချင်နေတဲ့ကြူးနဲ့ အသနားခံနေတဲ့ ကျွန်တော်... မျက်ဝန်းအချင်းချင်း အားပြိုင်မှုအဆုံးမှာမှ ကြူးဘက်က စကားပြန်စလာသည်။

"ငါ မင်းကို အပြစ်တင်နေတာမဟုတ်ဘူး တစ်နေ...။ တခြားသူတွေထက် အရင်သိချင်မိရုံလေးပါ။

"ငါ တောင်းပန်ပါတယ်။"

"ကျစ်...မင်းက ဘာလို့တောင်းပန်နေရပြန်တာလဲ။"

ကြူးက ဘာကိုဒေါသထွက်မှန်းမသိ စုတ်သတ်ပြီး အားမလိုအားမရဖြစ်ဟန် ရေရွတ်လိုက်သေးသည်။ တောင်းပန်စကားအပြင် တခြားမပြောတတ်တော့တဲ့ ကျွန်တော်ကတော့...၊ လက်နှစ်ဖက်ကို ခါးမှာထောက်ရင်း ကောင်းကင်ကို အငြှိုးနဲ့မော့ကြည့်နေခဲ့တဲ့ ကြူးကို ​ပြန်ငေးကြည့်နေရုံကလွဲပြီး တခြားအပြုအမူတွေမှာ သွက်လက်ခြင်း ကင်းနေမိ၏။

ကြူး(KYUU)Where stories live. Discover now