Part 1(Unicode)

9.5K 524 99
                                    

"သင်္ကြန်ကျပြီ...။ သင်္ကြန်ကျပြီ ဟေး..."

ရင်ခေါင်းထဲကနေ အော်လိုက်လေသလားဟု မှတ်ထင်ရသော အသံသည် ကျွန်တော် အိပ်နေသော အိပ်ခန်းထဲသို့ ပြတင်းပေါက်မှ တဆင့် တိုးဝင်လာပုံရသည်။ ကျွန်တော်သည် ထိုအသံကြောင့် လန့်နိုးသွားရစေကာမူ ချက်ချင်းမထမိသေးဘဲ ခေါင်းရင်းရှိ ပြတင်းပေါက်သို့ အရင်မော့ကြည့်မိသည်။

ဘေးကို တွန်းဖွင့်ရတဲ့ ဆလိုက်ဒိုးတံခါးမှန်က
တစ်ဝက်တိတိ ပွင့်နေပါရောလား။

ထို ပြတင်းပေါက်၏ အပြင်ဘက်တွင် အိမ်နှစ်အိမ်ကို စည်းခြားထားသော အုတ်နံရံကြီးတစ်ခု ရှိနေသည်။ အုတ်နံရံသည် သိပ်အမြင့်ကြီး မဟုတ်ဘဲ ကျွန်တော့်အခန်း ပြတင်းပေါက်၏ အမြင့်ဆုံး ဘောင်ထက်ပင် တစ်ဝက်တိတိ နိမ့်နေသေးသည်။

ထို့ကြောင့်ပင် ခေါင်းရင်းအိမ်တွင် နေကြသော ကျွန်တော့်ဝမ်းကွဲများက အုတ်နံရံဘောင်ပေါ်မှတဆင့် ကျွန်တော့်ရဲ့ အိပ်ခန်းထဲသို့  လှမ်းလှမ်းချောင်းနိုင်ခြင်း ဖြစ်သည်။ သူတို့ဘက်က ကြည့်မည်ဆိုလျှင် တစ်ခန်းလုံးကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်သော်လည်း ကျွန်တော့်ဘက်က ကြည့်မည်ဆိုလျှင်တော့ သူတို့ရဲ့ ဦးခေါင်းကလေးတွေကိုသာ မြင်ရပါသည်။ 

အခု ကျွန်တော်မြင်လိုက်ရတာက အုတ်နံရံဘောင်ပေါ်သို့
မရမက မေးတင်ထားလေသော ခေါင်းကလေးနှစ်လုံးသာ...။

ကျွန်တော်သည် သူတို့နှစ်ယောက်ကို မြင်သော်လည်း နှုတ်ဆက်စကား မပြောဖြစ်ဘဲ သံရှည်ဆွဲသံကိုသာ ပြုရင်း တစ်ကိုယ်လုံးရှိ အကြောအခြင်တွေကို တဂျွတ်ဂျွတ် မြည်စေသည်အထိ အပျင်းကြောဆွဲနေလိုက်သည်။

"ဟေ့ကောင် တတ...။ နိုးနေရင်လည်း ထတော့ကွာ။ သင်္ကြန်ကျပြီကွ။ ငါတို့က ရေကစားဖို့ မင်းနိုးတဲ့အထိ စောင့်နေရတာ။"

သင်္ကြန်....။ ရေကစားဖို့...။ ဆိုသော စကားလုံးများ၏ ဆွဲဆောင်မှုကြောင့် ကုန်းရုန်းထလိုက်ရစဉ်၌ ကိုထွန်းထံမှ ရယ်သံကြီးကို ဆက်ဆက်ကြားလိုက်ရသည်။ ကိုထွန်းက ညီဖြစ်သူ ကိုငယ်ဘက်သို့လှည့်ကာ "ငါ အအိပ်မက်တဲ့ ကာလနဂါးကို နှိုးနိုင်ခဲ့ပြီ တွေ့လား။ " ဟူ၍လည်း ပြောချင်ပြောနေလိမ့်မည်။

ကြူး(KYUU)Where stories live. Discover now