Part 11(Unicode)

2.1K 254 20
                                    

သစ်ပင်ကြီးများ အုပ်ဆိုင်းနေသော လမ်းကလေးသည် နေရောင်ခြည် လျော့နည်းသွားသော ညနေခင်းကဲ့သို့ အချိန်မျိုးတွင် လွမ်းဆွတ်စရာကောင်းလှသည်အထိ တိတ်ဆိတ်နေတတ်ပြီး မှောင်ရီဝိုးတဝါးအချိန်တွင်လည်း တစ်ယောက်တည်း မလျှောက်ရဲလောက်သည်အထိ ကြောက်စရာကောင်းနေတတ်ပြန်သည်။ ထို့အပြင် ကျောင်းတွင်းသရဲပုံပြင်​များကလည်း ထိုကြောက်စရာကောင်းမှုကို ပို၍ အားကောင်းသွားစေသောကြောင့် ညနေဘက် ဖြစ်လျှင်တောင်မှ သတ္တိကောင်းလှပါသော ကျွန်တော်သည် လမ်းကလေးအား အဖော်မပါဘဲ မဖြတ်ရဲ။

ယခုတွင်လည်း ကျွန်တော်သည် မနက်ခင်း ကျောင်းလာစဥ်ကအတိုင်း ဘေးဘီဝဲယာသို့ပင်
စပ်စပ်စုစု မကြည့်တော့ဘဲ မျက်စိရှေ့တွင် ရှိနေသော ပင်လယ်ရေလှိုင်းပြာရောင် ကျောပိုးအိတ်ကလေးကိုသာ စူးစူးစိုက်စိုက်ငေးရင်း သူ့အနောက်မှ ထပ်ကြပ်မကွာ လိုက်လာခဲ့ရသည်။ ဤသည်ကို ကြူးတစ်ယောက် ရိပ်မိမည်စိုး၍ မျက်စိအောက်မှ ပျောက်မသွားနိုင်သော အကွာအဝေးတွင်သာ ကျွန်တော့်ခြေလှမ်းများကို ထိန်းချုပ်ထားရင်း ကျောင်းဝင်းထဲမှ ထွက်လာနိုင်ချိန်မှာတော့ ကျွန်တော်နှင့် ကြူးက
ရှေ့ဆင့်၊နောက်ဆင့်။

သို့ဖြစ်စေကာမူ နှာဘူးအရူး ရှိနေသော နေရာသို့အရောက်တွင် ကျွန်တော့်ခြေလှမ်းများကို မထိန်းချုပ်နိုင်တော့ဘဲ ကြူးအနားသို့ တိုးကပ်သွားမိသည်။ မတိုးကပ်၍လည်း မဖြစ်။ ကျောင်းသားတွေ များပြားလှပါသော ကျောင်းဆင်းချိန်မျိုးမှာ​တောင်မှ နှာဘူးအရူးက ကျွန်တော့်ကို တွေ့အောင်ရှာနိုင်သေးသည်ပဲ။ ယခုကဲ့သို့ လူသူနည်းပါးသော ညနေခင်းအချိန်မျိုးတွင်မူ သာ၍ပင် ဆိုးနေဦးမည်။

နှာဘူးအရူး၏ တည်နေရာသို့ မရောက်ခင်ကတည်းကပင် ဘေးချင်းယှဥ်လျှောက်လာသော ကျွန်တော့်အား ကြူးက ခပ်စောင်းစောင်း လှည့်ကြည့်လာသည်။ ထို့နောက်တွင် ခြေလှမ်းများကို ပိုမြန်လိုက်ခြင်းဖြင့် ကျွန်တော့်ကို နောက်ကောက်ကျစေခဲ့သောကြောင့် စိတ်ထဲတွင် ထောင်းကနဲ ဖြစ်သွားမိသော်လည်း တကယ်တမ်းထူးဆန်းနေသည်က ကြူး မဟုတ်ဘဲ ကျွန်တော်သည်သာ ဖြစ်နေခဲ့ခြင်း မဟုတ်လား။

ကြူး(KYUU)Where stories live. Discover now