Part 46(Unicode)

1.8K 242 30
                                    

အတူတူအနားမှာ မင်းလေးရှိတဲ့အချိန်
ပီတိများနဲ့ ရင်တွေခုန်
ပူပင်မှုတွေနဲ့ ဘဝရဲ့အမောများဝေး
ကမ္ဘာကြီးဟာပြည့်စုံ...

မင်္ဂလာဘိသိတ်မြှောက်ခြင်း ပြီးဆုံးသွားပြီးနောက်
ဇော်ပိုင်နဲ့ ချောစုခင်ဆိုထားတဲ့ "နှစ်ယောက်တည်းကမ္ဘာ"
စုံတွဲသီချင်းသံလေး ခန်းမထဲ စလွင့်လာသည်။ မကြာခဏ ကြားဖူးနေကျဖြစ်ပေမယ့် မင်္ဂလာခန်းမထဲမှာ နားထောင်ရတဲ့ ခံစားချက်က ပုံမှန်အချိန်တွေမှာနဲ့ မတူတဲ့ ကြည်နူးခြင်းအပြည့်နဲ့။

သီချင်းစသည်နှင့်တစ်ပြိုင်တည်း မင်္ဂလာစင်မြင့်ပေါ်က
ဆင်းလာကြတဲ့ အသစ်စက်စက် ဇနီးမောင်နှံ...။ ပန်းနုရောင်ဆင်တူဝတ်စုံလေးတွေကို ဝတ်ထားကြပြီး တစ်ယောက်လက်ကို တစ်ယောက်တွဲလျက် ပွဲလာဧည့်ပရိတ်သတ်များအလယ် အပျော်ရွှင်ဆုံး အပြုံးများဖြင့် ရှိနေကြသည်ကို ငေးရသည်က နှလုံးသားကို သွဲ့သွဲ့လှုပ်ခါစေသော အခိုက်အတန့်တစ်ခုဖြစ်ပြီး ကြူးကလည်း ကျွန်တော့်ကဲ့သို့ပင် ကိုကြီးဇင်ထူးတို့ မင်္ဂလာမောင်နှံကို လှမ်းငေးနေခဲ့၏။

သီချင်းဒုတိယပိုဒ်အထိ ခံစားချက်တွေ မျောပါသွားတဲ့ အဲ့ဒီအချိန်...အဆိုရှင်နှစ်ယောက်စလုံး ပြိုင်တူသီဆိုရတဲ့အပိုဒ်သို့ ရောက်ရောက်ချင်း ကြူးက ကျွန်တော့်ဘက် ရုတ်တရက်လှည့်လာ​ခဲ့ကာ သီချင်းစာသားကို စညည်းခဲ့သည်။

"မင်းရှိခဲ့ရင် ကြည်ကြည်နူးနူးဘဝမှာ
ချစ်လို့မဝပါ နှစ်ယောက်တည်းကမ္ဘာ
မင်းရှိခဲ့ရင် ဒါဟာပျော်စရာလောကနိဗ္ဗာန်
ငြိမ်းချမ်းရေးပါ နှစ်ယောက်တည်းကမ္ဘာ..."

ရှင်းသန့် ကြည်လင်နေတဲ့ မျက်နှာနဲ့
တည်ကြည်ခန့်ညားတဲ့ အသံဆီကနေ အာရုံလွှဲမပစ်နိုင်တဲ့အထိ ကျွန်တော် ညှို့ယူခံလိုက်ရသည်။ သီချင်းတီးလုံးသံက ဆက်လာနေဆဲ ဖြစ်ပေမယ့် ပန်းနုရောင်ဓာတ်တွေပြည့်ဝနေတဲ့ ကျွန်တော့်ပတ်ဝန်းကျင်မှာ ကြူးကလွဲပြီး ဘယ်အရာကိုမှ ဂရုမစိုက်နိုင်တော့တဲ့အထိ နှင်းဆီသွေးနီရောင် နှုတ်ခမ်းလေးရဲ့ လှုပ်ရှားမှုအလုံးစုံကိုပဲ စိုက်ငေးနေခဲ့မိပြီ။

ကြူး(KYUU)Where stories live. Discover now