Part 30(Unicode)

1.8K 213 33
                                    

"ကိုငယ်ရေ.....ငါဒီမှာ ငါဒီမှာ"

လက်နှစ်ဖက်ကို မိုးပေါ်မြှောက်ပြီး အစွမ်းကုန်
ဝေ့ယမ်းပြလိုက်သည်။ ဘေးပတ်ပတ်ပတ်လည်မှာ ရှိနေသော ကျောင်းသားများက ပြုံးစိစိဖြင့် ကွက်ကြည့်ကွက်ကြည့် လုပ်သွားသော်လည်း ကိုငယ် ကျွန်တော့်ကိုမြင်ဖို့အရေးသာ ပိုအရေးကြီးနေသည်။ ပထမတော့ ကိုငယ်က မကြားတာလား... သူ့နာမည်ကို ကြတ်တွေခေါ်နေတယ်ထင်ပြီး ဂရုမစိုက်တာလားမသိ။ လက်ယမ်းပြလိုက်တော့မှ ကျွန်တော့်ကိုကြည့်နေတာ မျက်လုံးကြီးပြူး၊ ပါးစပ်ကြီးဟပြီး အလွန်အမင်း အံ့ဩဟန်နှင့် အကဲပိုပို တုံ့ပြန်သည်။

သူ့ပုံစံကို အမြင်ကတ်လို့ အနားရောက်ရောက်ချင်း သူ့လည်ပင်းကို လက်မောင်းအောက် ဖိညှပ်ထားလိုက်တော့ ကိုငယ်ပြောလာတာက...
"အား...တတ ဖြည်းဖြည်း ဖြည်းဖြည်း ။ အနောက်မှာ ငါ့ကောင်မလေးပါလာလို့ လူကြားထဲတော့ အရှက်မခွဲနဲ့ကွာ။"တဲ့။

ကြားသားမိုးကြိုး.... ငါ့ကောင်မလေးဆိုတဲ့
အသုံးအနှုန်းကိုကြားပြီး ကျွန်တော် ကိုငယ့်ကို နည်းနည်းလေးတော့ အထင်ကြီးသွားမိသည်။ "ဘယ်ကောင်မလေးလဲ ပြ"ဆိုတော့မှ အနောက်မှာပါလာတဲ့ ကောင်မလေးအကုန်ဆိုပြီး လျှာထုတ်ပြောင်ပြ၏။ ရယ်သံတွေစဲသွားတော့ ကိုငယ်က ကျွန်တော့်ပခုံးကို သူ့ပခုံးနှင့်တွန်းတိုက်ကာ ကျွန်တော်သူ့ကိုလာကြိုလို့ ပျော်တယ်ဆိုတဲ့အကြောင်းကို ကလေးတစ်ယောက်ကဲ့သို့ ရွှင်မြူးတက်ကြွစွာ ပြောဆိုနေခဲ့သေးသည်။

"အရူးရှေ့ကနေ ဖြတ်လာဖို့မကြောက်တော့ဘူးပေါ့။"

"ငါ စက်ဘီးနဲ့လာတာလေ။ အရူးကို အသာလေးကျော်တက်ခဲ့တာ။"

"စက်ဘီးက ဘယ်မှာလဲ။"

"လဘ္ဘက်ရည်ဆိုင်ရှေ့မှာ အပ်ထားတယ်။
မုန့်တီသောက်ချင်လို့ မင်း ကျောင်းအဆင်းကိုစောင့်နေတာ။"

"ကြူးကရော..."

"မသိဘူးလေ သူ့အိမ်မှာရှိမှာပေါ့။"

"မင်းတို့နှစ်ယောက် ရန်ဖြစ်ထားတာလား။"

ကိုငယ့်အထင်က တစ်ဝက်မှန်သလို၊
တစ်ဝက်လည်းမှားနေသည်။ မုန့်စျေးတန်းမှ ပြန်လာပြီးနောက်ပိုင်းကတည်းက ခပ်တန်းတန်း ဖြစ်သွားခဲ့သော အခြေတစ်နေတစ်ခုကို ကျွန်တော်လည်း ဘယ်လိုသတ်မှတ်ရမှန်း မသိခဲ့၍ဖြစ်သည်။ ထို့ကြောင့် ခေါင်းခါပြလိုက်တော့ စကားလမ်းကြောင်းက တခြားအကြောင်းအရာသို့ ​လျင်လျင်မြန်မြန် ကူးပြောင်းသွားသည်။

ကြူး(KYUU)Where stories live. Discover now