Part 51(Unicode)

1.9K 251 14
                                    

သောကြာနေ့ ညနေအတန်းချိန်ပြီးတာနဲ့ ကျွန်တော်တို့ အမျိုးသားဆောင်အောက်မှာ ဦးလေးကောင်းရဲ့ကားကို အဆင်သင့်တွေ့ရမြဲ။ မမခိုင်မင်္ဂလာဆောင်မှာကတည်းက
ကြူးနဲ့ မျက်မှန်းတန်းမိသွားတဲ့ ကားဆရာက ကြူးကို ကျွန်တော်တို့ အဆောင်မှာ စတွေ့ရတဲ့ ပထမသောကြာမှာတော့ အံ့ဩဟန်ပြခဲ့ပေမယ့် နောက်သောကြာတွေမှာ ရိုးအီသွားခဲ့ပြီ။

"သူ...ကျွန်တော့်အခန်းကို လိုက်လည်တာ" ဆိုတဲ့
အမှန်တရားကို လက်တစ်လုံးခြားလုပ်မှုကြောင့်လည်း ဖြစ်မည်။ မေကြီးနဲ့ မေမေတို့တောင်မှ ကျွန်တော်တို့နှစ်ယောက် မကြာခဏ တွေ့ဖြစ်ကြတယ် ဆိုတာကလွဲရင် အဆောင်မှာ တစ်ခန်းတည်း အတူတူနေနေကြမှန်း နောက်ဆုံးနှစ်ရောက်လာတဲ့ အချိန်ကာလအထိ သိမှ မသိကြတာဘဲ...။

"လာ...ဖက်ဦးမယ်"

လက်ဆန့်ထားပေးသူရဲ့ ရင်ခွင်ထဲ ခိုဝင်လိုက်ရတဲ့ခဏမှာ ကျွန်တော့်ဖြစ်တည်မှုက ယောကျ်ားတစ်ယောက်ရဲ့ရင်ခွင်ထဲ ခပ်လျော့လျော့ မှီနွဲ့နေတဲ့ ယောကျ်ားတစ်ယောက် ဆိုတာထက် အချစ်မှာ ပျော်ဝင်နေတဲ့ လူသားတစ်ယောက်ရဲ့ အစစ်အမှန် ပုံစံမျိုးသာ ရှိခဲ့၏။ ကျပ်တည်းမွတ်သိပ်စွာ ပွေ့ဖက်မှုတစ်ခုက ခွဲခွာရမယ့် ပိတ်ရက်နှစ်ရက်စာအတွက် လုံလောက်တဲ့ နှုတ်ဆက်ခြင်းမျိုးတော့ မဖြစ်ခဲ့...။ အတူတူရှိနေရတဲ့ ငါးရက်တာအချိန်ကာလအတွက်ပါ တိုးလွမ်းနေရသလို...အဲ့ဒီအချိန်မှာ တစ်စက္ကန့်ဟာ မိနစ်ခြောက်ဆယ်စာဖြစ်သွားပြီး သတ်မှတ်ထားပြီးသား အချိန်နာရီတွေမှာ မဖြစ်နိုင်တဲ့ ကိန်းဂဏန်းအရေအတွက်ပဲ ပိုတိုးလာသည်။

"နှစ်ရက်က နှစ်နှစ်လောက်ကြာမယ်တောင် ထင်ရတယ်"

ကျွန်တော်ပြောတော့ ကြူးက ရယ်တယ်။ သူလည်း
ဘာထူးလဲ။ ဦးလေးကောင်း အကြာကြီး စောင့်နေရမယ်လို့ ပြောတာတောင်မှ မလွှတ်နိုင် ဖြစ်နေသေးတာ...။ ပြီးခဲ့တဲ့
တက္ကသိုလ်ကျောင်းပိတ်ရက်တုန်းက သူအဲ့လိုမျိုး ဂျီကျနေခဲ့လို့ ကျွန်တော့်မှာ နောက်ဆုံးနှစ်အတွက် စာတွေကြိုလုပ်ရမယ်ပြောပြီး မေကြီးနဲ့ မေမေကို အဆောင်မှာပဲ ဆက်နေရမယ် လိမ်ညာခဲ့ရသေး။ "အိမ်ကနေပဲ သွားပါလား သားရယ်"ဆိုတဲ့ အပြောကိုပါ လျစ်လျူရှူမိတဲ့စိတ်က မိသားစုကိုတော့ ခွဲနိုင်ပြီး ကြူးကို မခွဲနိုင်တာကျ ထူးဆန်းတယ်မလား။

ကြူး(KYUU)Where stories live. Discover now