Part 37(Unicode)

1.9K 258 76
                                    

ကြူးက သူဘာလုပ်လိုက်လဲ သူ့ကိုယ်သူ
သိရောသိရဲ့လား...။

ကျွန်တော် သူ့ကို တွန်းထုတ်ပစ်တာရော၊ သူ့ရှေ့မှာ
ငိုချလိုက်တာရော ဘာတစ်ခုမှ မလုပ်ရသေးခင် စကားတစ်ခွန်းကို ပြောချင်သလိုပြောပြီး အရင်ထွက်သွားခဲ့တာ...။ တကယ်ဆိုရင် သူ ကျွန်တော့်ဆီက အဖြေတစ်ခုခုကိုလည်း နားထောင်သွားခဲ့ရမှာ....။

အခုတော့ ဘာလဲ။
သူပြောသလိုဆိုရင် ဒီအနမ်းကို ရှိခဲ့တယ်လို့လည်း
ယူဆနိုင်ပြီး၊ လက်မခံချင်ရင်တော့ အိပ်မက်တစ်ခုအဖြစ် သတ်မှတ်နိုင်တယ်ပေါ့။

အဲ့လောက်တောင် လွယ်သလား ကြူးရယ်လို့
ကျွန်တော့်အိပ်မက်ထဲမှာ မြင်ရတဲ့ ပုံရိပ်လေးကို ထပ်ခါထပ်ခါ မေးနေမိပေမယ့် ပုံရိပ်ယောင်ထဲကလူကတော့ ဘယ်ဖြေနိုင်ပါ့မလဲ။ အဲ့ဒီအစား နောက်တစ်နေ့မနက်မှာ ကျွန်တော်ထပ်တွေ့ရတဲ့ တက်သစ်ကြူးကတော့ ကျွန်တော့်အပေါ်မှာ ဘာမှမပြုမူခဲ့သလို ပြောဆိုဆက်ဆံနေခဲ့တာ...သူပေးခဲ့တဲ့အနမ်းက တကယ်ကို အိပ်မက်တစ်ခုသာ ဖြစ်ခဲ့သလိုမျိုး...။

"တစ်နေ... လဘ္ဘက်ရည်ဆိုင် ထိုင်ဦးမှာလား။"

"မထိုင်ဘူး"

"မင်း ဗိုက်မဆာဘူးလား။ ဘာလဲ အိမ်ကနေ တစ်ခုခုစားလာလို့လား။"

"မဆာဘူး။ စားလည်း မစားလာဘူး။"

"ငါကတော့ ဆာတယ်။ မင်း ဘာမှမစားချင်ရင်တောင် ငါ့ကိုအဖော်လုပ်ပေးပါလား။"

"တစ်ယောက်တည်း ထိုင်စားလေ။ မင်းက တစ်ယောက်တည်းဆိုလည်း အဆင်ပြေတဲ့သူပဲ။"

ရယ်နေတယ် ဟုတ်လား...။ ကြူးကတော့
ကျွန်တော့်ကို ပိုဒေါသထွက်အောင် လုပ်နေပြီ။ "ဘာလို့
ရယ်နေတာလဲ မင်းက အရူးလား"ဆိုပြီး ထပ်မေးလိုက်တော့ ဘာမှမပြောဘဲ ခေါင်းခါပြနေတာ မျက်နှာပိုးလည်း
မသေသေးဘူး။ ကျွန်တော်လည်း စိတ်တိုတိုနဲ့
လဘ္ဘက်ရည်ဆိုင်ထဲ သူ့ထက်အရင်ဦးအောင်ဝင်ပြီး
ကိုယ့်စိတ်ကြိုက် နေရာတစ်ခု ရွေးထိုင်တော့ ကြူးကလည်း ကျွန်တော့်ရှေ့ကခုံမှာ တန်းတန်းမတ်မတ် ဝင်ထိုင်လာသည်။

အဲ့ဒီခုံက လမ်းမနဲ့နီးလို့ သူ မထိုင်ချင်တဲ့ခုံ...။
ဖုန်တွေ၊သဲတွေက အစားအသောက်ထဲ ဝင်လာတတ်လို့
ခါတိုင်းဆို ဆိုင်အတွင်းပိုင်းက နေရာကို သူ့ကိုယ်တိုင် ရွေးချယ်ပြီး ကျွန်တော်ကတော့ တက်သစ်ကြူးရဲ့ နောက်လိုက်ကလေးပေါ့။

ကြူး(KYUU)Where stories live. Discover now