Part 49(Unicode)

1.8K 239 45
                                    

တတရေ...ထတော့လေ။ ကျောင်းသွားရမယ်မလား။ ကာလနဂါးလေးကတော့ အိပ်ပုတ်ကြီးနေပြန်ပြီ။

"အာ...မေမေ ထမယ် ထမယ် ခဏလေးပဲ။ ငါးမိနစ်... ငါးမိနစ်"

အကျင့်ပါနေတဲ့ လက်တစ်ဖက်က လေထဲမှာ အလိုလို
ယမ်းခါနေပြီး မေမေ့နှိုးသံကို ပြန်ဖြေနေမိသည်။ နောက်တော့မှ တဖြည်းဖြည်းချင်း ကျယ်လောင်လာတဲ့ နှိုးစက်သံကြောင့် အိပ်မက်ယောင်နေမှန်း ကျွန်တော်သိပြီး အလုအယက်ကုန်းထရင်း နာရီကိုကြည့်တော့ ခုနှစ်နာရီအတိ။ ပုံမှန်ဆို ကိုးနာရီအတန်းမစခင် ရှစ်နာရီခွဲလောက်မှ ထပြီး ကျောင်းသွားရင်တောင် အေးဆေးမှီပေမယ့် ဒီနေ့ကတော့ ကြူးက ကျွန်တော့်ဆီ ရှစ်နာရီလာမယ် ပြောထားလို့ သူမလာခင် အဆင်သင့် ပြင်ထားရမယ်အတွေးနဲ့ မထချင်ထချင် ထရခြင်းဖြစ်၏။

မင်းမောင်ကတော့ တစ်ညလုံး ပြန်မလာခဲ့တာ ကျွန်တော်နိုးတော့လည်း သူ့အရိပ်အယောင်ကို လုံးဝမတွေ့။ ခါတိုင်းလည်း အဆောင်မှူးကို ခွင့်တောင်းပြီး ဒီလိုမျိုး တခြားနေရာမှာ သွားအိပ်တတ်ပေမယ့် မနေ့ကတော့ ပြောသွားလား၊ မပြောသွားလား မသိရတော့ ကိုယ့်ပယောဂ မကင်းသလို ခံစားရသည်။ လွတ်နေတဲ့ကုတင်ကိုကြည့်ပြီး စောစောစီးစီး သက်ပြင်းရှိုက်ချမိတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်မကြည်ချင်ပေမယ့် နောက်တစ်နာရီနေရင် ကြူးနဲ့တွေ့ရမယ် ဆိုတဲ့ အတွေးကြောင့် ဖြစ်လာတဲ့ စိတ်လိုလက်ရအပြုံး...။ တကယ်ပါ...ကြူးဆိုတဲ့ လူသားလေးက အတွေးတစ်ချက်နဲ့တင် ကျွန်တော့်ကို ပြုံးသွားစေနိုင်တဲ့ အဖိုးတန်ဖြစ်တည်မှုလေးပဲ။

ရေချိုးပြီး ပြန်ထွက်လာတော့ ခုနှစ်နာရီခွဲနေပြီ။ စောစောထတဲ့အကျိုးကြောင့် ရေချိုးခန်းလုရတာမျိုး မရှိပေမယ့် အဝတ်လျှော်ဘာညာနဲ့မို့ နာရီဝက်ကြာသွားရ၏။ ဝရန်တာမှာ အဝတ်လှန်းပြီး အခန်းထဲ ဝင်ကာစရှိသေး... ကြားလိုက်ရတဲ့ တံခါးခေါက်သံ။ မင်းမောင်ဆိုရင်တော့ အခန်းတံခါးကို ခေါက်နေမှာ မဟုတ်ဘူး ဒီအတိုင်းပဲ တန်းဝင်လာမှာ။ အခုက ဘယ်သူလဲ...။ ကျွန်တော့်မှာ အင်္ကျီဝတ်ဖို့လုပ်နေတဲ့တန်းလန်း အပေါ်ပိုင်းဗလာ ဖြစ်နေရင်းက တဘတ်ကောက်ရုံပြီး အခန်းတံခါးပြေးဖွင့်တော့ မြင်လိုက်ရတာက ​ကြူး....။ သူပြောတော့ ရှစ်နာရီမှလာမှာဆိုပြီး အခုကျ အစောကြီးပဲ။

ကြူး(KYUU)Where stories live. Discover now