Han_Me' Letter

1.4K 150 48
                                    

(Unicode)

ဟယ်လို ဟန်မီပါ

ဟန်မီ ကြူးကို စပြီး publishလုပ်ခဲ့တာ
၂၆.၅.၂၀၂၁မှာ ဖြစ်ပါတယ်။ ဒီနေ့ရက်စွဲနဲ့ဆိုရင် ဟန်မီ
ကြူးကို ongoingရေးခဲ့ချိန်က တစ်နှစ်လေးလနဲ့ လေးရက်တိတိ ကြာမြင့်သွားခဲ့တယ်။ တကယ်ကို ခရီးရှည်ကြီးတစ်ခု ဖြတ်သန်းခဲ့သလိုပါပဲ။

ဒီကောင်လေးတွေဆီမှာပဲ အချိန်ရှိသရွေ့ နစ်မြုပ်ခဲ့ပြီး
နှုတ်ဆ​က်ရချိန်နီးလာတော့လည်း မခွဲချင်သလို၊ ပြီးခါနီးပြီလို့ စပြောလာကတည်းက ဆယ်ပိုင်းကျော်ကျော်လောက်ထိ ဆက်ရေးဖြစ်ခဲ့တယ်ပေါ့။ ဒါတောင်မှပဲ ကလေးဘဝမှာ အကြာကြီးမြင်လာခဲ့ရလို့ မေကြီးတို့စိတ်ချသွားရတဲ့ သူတို့ရဲ့ movement အသေးစိတ်တွေကို ထပ်မြင်ချင်သေးတယ်လို့ စာဖတ်သူတစ်ယောက်က ပြောလာတာကို ဖတ်ရပါတယ်။

အဲ့ချိန်မှာ ဟန်မီတွေးမိတာက ငါ့လိုပဲ ဒီကောင်လေးတွေနဲ့ အချိန်အကြာကြီးအတူရှိလာသူတွေအဖို့ သူတို့ဆီကနေ ရုတ်တရက်ကြီး ရုန်းမထွက်ချင်ကြသေးတာ ဖြစ်လိမ့်မှာလို့ ယူဆပြီး
extraတချို့ ဆက်ရေးပေးဦးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ပြောရရင် ကြူးက ဟန်မီကိုယ်တိုင်လည်း The Endလို့ မတပ်လိုက်နိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေလို့ပါ။

အက္ခရာစာလုံးတွေနဲ့ချည်း ဖွဲ့စည်းထားတဲ့
ကာရိုက်တာတွေဆိုပေမယ့် ဒီဇာတ်လမ်းလေးထဲမှာ ရှင်သန်နေသမျှလူတိုင်းက ဟန်မီ့အတွက်တော့ တကယ့်ကမ္ဘာက တကယ့်သက်ရှိလူသားလေးတွေလိုပါပဲ။ သူတို့ကိုကြည့်ပြီး ကြည်နူးရ၊ ပျော်ရ၊ဝမ်းနည်းရနဲ့ တကယ်အမှတ်တရကောင်းတွေ ဖြစ်ခဲ့ပါတယ်။ စာဖတ်သူများလည်း ဟန်မီ့လိုပဲ ခံစားခဲ့ရမယ်လို့ ယုံကြည်တယ်။

တတနဲ့ကြူးတင်မကဘဲ သူတို့နဲ့သက်ဆိုင်တဲ့
မိသားစုလေးတွေ၊ အရာဝတ္ထုတွေ၊ ပတ်ဝန်းကျင်တွေကအစ...
အသေးစိတ်ရေးခဲ့တဲ့ ဖန်တီးမှုထဲ မပျင်းမရိ စီးမြောပေးခဲ့ကြတဲ့အတွက်လည်း ဟန်မီ အမြဲတမ်း ကျေးဇူးတင်နေမှာပါ။

ဟန်မီက အလုံးစုံတော်နေတဲ့စာရေးသူတစ်ယောက် မဟုတ်တဲ့အတွက် ongoingတစ်ပုဒ်ကို ရှေ့နဲ့နောက် အဆက်စပ်ရှိအောင် ကြိုးစားရတာလည်း ဟန်မီ့အတွက်
ခက်ခဲမြဲပါ။ အထူးသဖြင့် အချိန်ခုနှစ်တွေနဲ့ပတ်သက်ရင် အမှားအယွင်းနည်းနိုင်သမျှနည်းအောင် ဂရုစိုက်ရင်းကြားက လိုအပ်ချက်တွေရှိခဲ့ပါတယ်။ အဲ့အတွက် စာဖတ်သူတို့ နားလည်ပေးဖို့အတွက် ဟန်မီ မေတ္တာရပ်ခံချင်ပါတယ်။

ကြူး(KYUU)Where stories live. Discover now