Ch-2

9.5K 742 17
                                    

Zawgyi

ရိ​ပေါ်ရဲ့ နတ်​ဘုရား​လေးက ရိ​ပေါ်ထက်​လေးနှစ်​ကြီးတဲ့​တက္ကသိုလ်​နောက်​ဆုံးနှစ်​က​ကျောင်းသား​လေး။ ရုပ်​ရှင်​ကား​တွေထဲကလို​ သာယာကြည်​လင်​တဲ့​ကောင်းကင်​ကြီး​အောက်​က​ ​နေသာတဲ့​နေ့တစ်​နေ့ မဟုတ်​ပဲ မိုး​တွေ သည်းကြီးမည်းကြီး ရွာချ​နေတဲ့​နေ့​လေးတစ်​နေ့မှာ ရိ​ပေါ်တို့နှစ်​ယောက်​စ​တွေ့ခဲ့ကြတာ။

ကျောင်းကအပြန်​တိုင်း သူငယ်​ချင်းနဲ့ ဂိမ်းဆိုင်​မှာ အချိန်​ဖြုန်းတတ်​တဲ့ ရိ​ပေါ်က အိမ်​ပြန်​ခါနီးမှ ရုတ်​တရက်​ရွာချလာတဲ့ မိုး​ကြောင့်​ ကျင်းဟိုင်​ကောကို ဖုန်းဆက်​ကာ ကားလွှတ်​ပေးဖို့​ပြောရသည်​။ အလုပ်​ရှုပ်​နေပုံရတဲ့ ကျင်းဟိုင်​ကောက တိုတိုတုပ်​တုပ်​သာ​ပြောပြီး ခဏ​နေရင်​အိမ်​က ဒရိုင်​ဘာဦး​လေးကျိုးကို လွှတ်​လိုက်​မယ်​လို့​ပြောတာ​ကြောင့်​ရိ​ပေါ် ဂိမ်းဆိုင်​မှာပဲ ထိုင်​စောင့်​နေလိုက်​သည်​။

ဆိုင်​ပိတ်​ချိန်​အထိ အိမ်​ကကားက​ရောက်​မလာတာ​ကြောင့်​မိုးရွာ​နေသည့်​ကြားမှ ဆိုင်​အပြင်​က သစ်​ပင်​အကြီးကြီး​အောက်​မှာ ရိ​ပေါ်မိုးခိုရင်း​စောင့်​နေရသည်​။ တကိုယ်​လုံး မိုး​ရေ​တွေ ရွဲရွဲစိုကာ လမ်းမှာ လူအသွားအလာ မရှိသ​လောက်​ဖြစ်​လာတာမို့ ရိ​ပေါ်တဖြည်းဖြည်း​ကြောက်​လာသည်​။ ချမ်းလွန်းလို့​မေး​စေ့ပင်​ခိုက်​ခိုက်​တုန်​လာတာ​ကြောင့်​ ဒူးနှစ်​ဖက်​ကိုပိုက်​ကာ ကိုယ်​ကို ကျုံ့နိုင်​သမျှ ကျုံ့ထားမိသည်​။ ရုတ်​တရက်​ကိုယ်​ပေါ်ကို မိုးစက်​တွေ ကျမလာ​တော့တာမို့​မော့ကြည့်​လိုက်​တော့ ရိ​ပေါ်ကို ထီးမိုး​ပေးကာ ရပ်​ကြည့်​နေတဲ့ လူတစ်​ယောက်​။

"ညီ​လေး ထီးမပါဘူးလား"

ထိုလူရဲ့ မျက်​နှာကို​သေချာမမြင်​ရတာမို့ မတ်​တပ်​ရပ်​လိုက်​တော့ အပြုံးနုနု​လေးဖြင့်​ပြုံး​ပြ​ကာ

"မိုး​ရေထဲမှာ အကြာကြီး​နေရင်​ ​နေမ​ကောင်းဖြစ်​လိမ့်​မယ်​ကွ။ ထီးယူထားလိုက်​"

လက်​ထဲကို​ပြောင်း​ပေးလာတဲ့ ထီးအဝါ​လေးကို ကိုင်​ပြီး​ကြောင်​ကြည့်​နေတဲ့ ရိ​ပေါ်​ခေါင်းကို ခပ်​ဖွဖွပုတ်​ကာ လက်​ဝါးတစ်​ဖက်​ကို​ခေါင်းမှာ အုပ်​ပြီး​မိုး​ရေထဲကို​ပြေးသွားတဲ့လူကို မြင်​ကွင်းက​ပျောက်​ကွယ်​သွားတဲ့အထိ ရိ​ပေါ်မျက်​စိတစ်​ဆုံး ရပ်​ကြည့်​နေမိသည်​။

Dear My Ex-crush[Completed]Where stories live. Discover now