Ch-25

7.8K 658 116
                                    

Zawgyi

"နိုးပြီလား...။ ကိုယ့်​က​လေး​လေး"

ရင်းနှီး​နေတဲ့အသံ​ကြောင့်​ အသံလာရာဆီကိုလှမ်းကြည့်​လိုက်​​တော့ ​ဘောင်းဘီအိတ်​ထဲလက်​နှိုက်​ကာ အခန်းဝမှာရပ်​ကြည့်​​နေတဲ့လူ​ကြောင့်​ ရိ​ပေါ်အံ့သြတကြီး​ခေါ်လိုက်​မိသည်​။

"ကျင်းဟိုင်​​ကော..."

"ဘယ်​လိုလဲ အိပ်​လို့​ကောင်းရဲ့လား"

ရိ​ပေါ်ထိုင်​​နေတဲ့နားလာရပ်​ကာ ​အရင်​ကလုပ်​​နေကျအတိုင်းရိ​ပေါ်ဆံပင်​ကိုလှမ်းဖွဖို့ပြင်​​နေတာမို့ ​ခေါင်းကိုအသာရို့​ရှောင်​ကာ

"ကျွန်​​တော့်​ကို ဘယ်​​နေရာ​ခေါ်လာတာလဲ​ကော"

"ဘယ်​​နေရာလဲဆိုတာ အ​ရေးမကြီးပါဘူး။ အ​ရေးကြီးတာက ကိုယ့်​က​လေး​လေးဒီမှာရှိ​​နေဖို့ပဲ"

"​ကော ဘာ​တွေ​ပြော​နေတာလဲ"

ရိ​ပေါ်ကိုကြည့်​တဲ့ ကျင်းဟိုင်​​ကောရဲ့အကြည့်​​တွေက အရင်​လိုမဟုတ်​ပဲ စူးရဲပြီး​ကြောက်​ဖို့​ကောင်း​နေသည်​။

"ငါ့ကို​ကောလို့မ​ခေါ်နဲ့..ငါမင်းအကိုမဟုတ်​ဘူး"

ဘာရယ်​...ကျင်းဟိုင်​​ကောက ရိ​ပေါ်ရဲ့အကိုမဟုတ်​ဘူးတဲ့။ ဘာ​တွေလဲ။ ကျင်းဟိုင်​​ကောကဘာ​တွေ​ပြော​နေတာလဲဆိုတာ ရိ​ပေါ်တကယ်​နားမလည်​​တော့ဘူး။

"အတ္တကြီးလွန်းတဲ့ မင်းဒယ်​ဒီနဲ့မာမီက ​​ကျေးဇူး​ကြွေး​တွေနဲ့ငါ့ကိုပိတ်​​လှောင်​ပြီး ငါ့ရဲ့ဘဝတစ်​​လျှောက်​လုံးကို သူတို့စီးပွား​ရေးအတွက်​ပဲအသုံးချခဲ့ကြတာ အဲ့တာမင်းသိလား..."

"............"

"ဘဝတစ်​​လျှောက်​လုံး မင်းတို့မိသားစုအကျိုးစီးပွားကို​ရှေ့တန်းတင်​ပြီးလုပ်​ခဲ့တဲ့ငါ့ကို​ ခိုင်း​ကောင်းတဲ့အချိန်​တုန်းက​တော့ ချီးကျူးစကားတစ်​ခွန်းမဆိုပဲ တစ်​ခါ​လောက်​အမှားလုပ်မိတဲ့အခါကျ​တော့ မြင်​တတ်​ကြသတဲ့လား။ ​တော်​​တော်​ရယ်​ရတဲ့လူ​တွေ..."

"အဲ့ဒါကျွန်​​တော်​နဲ့ဘာဆိုင်​.."

"ဘာလို့မဆိုင်​ရမှာလဲကွ"

Dear My Ex-crush[Completed]Where stories live. Discover now