Ch-12

7.2K 742 44
                                    

Zawgyi

စက်​ရုံကို​ရောက်​တော့​ရှောင်းကျန့်​က စက်​ရုံကမန်​နေဂျာနဲ့အတူ အင်္ကျီနမူနာကို စစ်​ဆေး​နေတာမို့ ရိ​ပေါ်ပျင်းလာတာနဲ့ စက်​ရုံဝင်းထဲ ထွက်​လာလိုက်​သည်​။ မြို့ပြင်​မှာဖြစ်​တာ​ကြောင့်​စက်​ရုံနဲ့ ခပ်​လှမ်းလှမ်းမှာ​နေအိမ်​တစ်​လုံးစ နှစ်​လုံးစပဲရှိပြီး အများစုက​တော့ လယ်​ကွင်းပြင်​တွေသာဖြစ်​သည်​။ သစ်​ပင်​အောက်​က ခုံတန်း​လေးမှာထိုင်​ရင်း ဝင်​တော့မည့်​ဆဲဆဲ​နေလုံးကြီးနှင့်​အတူ ည​နေခင်းအလှကို ခံစား​နေမိသည်​။

"မင်းက ဝမ်​ရိ​ပေါ်မဟုတ်​လား"

ရိ​ပေါ်ထိုင်​နေတဲ့​ဘေးမှာ ဝင်​ထိုင်းရင်း​မေးလိုက်​တဲ့လူကို ရိ​ပေါ်မသိတာမို့ မျက်​မှောင်​ကြုတ်​ပြီး ကြည့်​နေ​တော့ ရီသံခပ်​သဲ့သဲ့နှင့်​အတူ ထိုလူက ဆက်​ပြောလာသည်​။

"ရိ​ပေါ်ကို ကြည့်​ရတာ ကိုယ့်​ကို မမှတ်​မိဘူးထင်​တယ်​။ ကိုယ့်​နာမည်​က ရှင်းဟန်​ပါ။ ​ရှောင်းကျန့်​နဲ့​မေဂျာတူတက်​ခဲ့တဲ့ သူငယ်​ချင်း​ပေါ့.."

ရိ​ပေါ်က ဘာပြန်​ပြောရမှန်း မသိတာမို့​ခေါင်းငြိမ့်​ပြလိုက်​တော့ ထိုလူက ရိ​ပေါ်​ဘေးကို ပိုတိုးကပ်​လာကာ

"ရိ​ပေါ်အခု တစ်​ယောက်​ထဲလား။ ပျင်းရင်​ကိုယ့်​အိမ်​လိုက်​ခဲ့​လေ...သိပ်​မ​ဝေးပါဘူး"

ထိုလူ​ပြောတဲ့ စကားအဓိပ္ပါယ်​ကို​သေချာနားမလည်​တာမို့​မေးမိ​တော့​ပေါင်​ပေါ်တင်​ထားတဲ့ ရိ​ပေါ်ရဲ့လက်​တစ်​ဖက်​က ဆုပ်​ကိုင်​ခံလိုက်​ရခြင်းနှင့်​အတူ ထိုလူက

"​ရှောင်းကျန့်​က မင်းကို ငြင်းလိုက်​တုန်းက ကိုယ်​အကုန်​မြင်​ခဲ့တယ်​။ ကိုယ့်​မှာ အဲ့ထဲက မင်းကို သနား​နေရတာ...​ရှောင်းကျန့်​ငြင်းခဲ့​တဲ့ရာထူးကို ကိုယ်​က ထမ်း​ဆောင်​ပေးချင်​လို့​လေ"

ထိုလူ့ဆီက ထွက်​လာတဲ့ စကားသံ​ကြောင့်​ရိ​ပေါ်စိတ်​တိုလွန်းလို့ ထိုလူ့မျက်​နှာကို လွတ်​နေတဲ့ လက်​တစ်​ဖက်​ဖြင့်​ထိုးလိုက်​ကာ ထိုလူလဲကျ​နေတုန်း​နေရာမှ ထွက်​လာရန်​ပြင်​တော့ လဲ​နေရာက​နေ အမြန်​ကုန်းထလာတဲ့လူက ရိ​ပေါ်တစ်​ကိုယ်​လုံးကို အ​နောက်​က​နေ သိမ်းဖက်​ပစ်​လိုက်​သည်​။

Dear My Ex-crush[Completed]Where stories live. Discover now