Ch-4

6.8K 665 36
                                    

Zawgyi

ရှောင်းကျန့်​အ​ဆောင်​ကို ပြန်​ရောက်​ပြီး ခဏကြာ​တော့​ဟောက်​ရွှမ်းက အခန်းထဲကို ပြုံးစစမျက်​နှာ​ပေးနဲ့ဝင်​လာပြီး​ရှောင်းကျန့်​ဘေးမှာ လာကပ်​ထိုင်​သည်​။

"မင်း ဒီ​နေ့ ရိ​ပေါ်နဲ့​တွေ့ခဲ့တယ်​ဆို​ရှောင်းကျန့်​"

စာလုပ်​နေတဲ့​ရှောင်းကျန့်​က ရိ​ပေါ်ဆိုတဲ့ နာမည်​ကြားတာနဲ့ ကိုင်​ထားတဲ့​ဘောပင်​ကို​ဆောင့်​ချကာ

"အဲ့ဒီ က​လေးအ​ကြောင်း ငါ့အ​ရှေ့မှာ လာမ​ပြောနဲ့​ဟောက်​ရွှမ်း"

"ရိ​ပေါ်​လေးက ချစ်​ဖို့​ကောင်းပါတယ်​မင်းက ဘာလို့ အဲ့​လောက်​ခါးခါးသီးသီး ဖြစ်​နေရတာလဲ"

"ပိုက်​ဆံချမ်းသာတယ်​ဆိုပြီး ဆိုးချင်​တိုင်း ဆိုး​နေတဲ့ က​လေး​တွေကို ငါတကယ်​သ​ဘောမကျဘူး​ဟောက်​ရွှမ်း"

ထိုမျှသာ​ပြောပြီး​ရေချိုးခန်းထဲ ဝင်​သွားတဲ့​ရှောင်းကျန့်​ကို ကြည့်​ပြီး​ဟောက်​ရွှမ်း​ခေါင်းခါမိသည်​။ ​ရှောင်းကျန့်​က အဲ့လိုပဲ။ အရမ်း​ခေါင်းမာပြီး မာနကြီးတာ။သူကိုယ်​တိုင်​က​ရွှေဇွန်းကိုက်​ပြီး​မွေးလာ​ပေမယ့်​ စည်းစနစ်​ကျပြီး သိုသိုသိပ်​သိပ်​နေတတ်​တော့ မိဘချမ်းသာတာကို အခွင့်​ကောင်းယူပြီး ဆိုး​ပေ​နေတဲ့ သူမျိုးဆို အရမ်းမုန်းတာ။

အဲ့​တော့​ကောချန်​တို့ အထက်​တန်း​ကျောင်းရဲ့ ဂုဏ်​ထူး​ဆောင်​လူဆိုး​လေး ရိ​ပေါ်ကို ကြည့်​မရတာ အထူးအဆန်း​တော့ မဟုတ်​ဘူး။ အဲ့ဒါကို သိသိရက်​နဲ့ ရိ​ပေါ်ကို​မြှောက်​ပေးလိုက်​တာသာ​ ​ရှောင်းကျန့်​သိရင်​ဟောက်​ရွှမ်း လက်​သီးနဲ့ အထိုးခံရမှာ​သေချာတယ်​။ ဒါ​ပေမယ့်​လည်း မတတ်​နိုင်​ဘူး။ တစ်​နေကုန်​နေလို့ တစ်​ယောက်​ယောက်​ကိုမှ မကြပ်​လိုက်​ရရင်​စားမဝင်​အိပ်​မ​ပျော်​တဲ့ အကျင့်​လေးကလည်း ရှိ​နေ​တော့....။

•••••••••••••••

ရိ​ပေါ်​လေးက ဒီ​နေ့ မနက်​အ​စောကြီးထဲက ထကာ​ကျောင်းသွားဖို့ စိတ်​လှုပ်​ရှား​နေသည်​။ ဗီရိုထဲက​ကျောင်းဝတ်​စုံ​လေးကို ထုတ်​ဝတ်​ပြီး ရိ​ပေါ်​လေး​မွေး​နေ့တုန်းက ကျင်းဟိုင်​ကော ဝယ်​ပေးထားတဲ့ Blue De Chanel​ရေ​မွှေး​ကို တစ်​ကိုယ်​လုံးအနှံ့ တရွှတ်​ရွှတ်​မြည်​အောင်​ဖြန်းလိုက်​သည်​။ အနည်းငယ်​ရှည်​ချင်​နေတဲ့ အညို​ရောင်​ဆံပင်​အုပ်​အုပ်​လေးကလည်း မ​နေ့က အန်​တီရင်း ညှပ်​ပေးလိုက်​ပြီမို့ ရိ​ပေါ်​လေးရဲ့ မျက်​နှာ​လေးက ရှင်းသန့်​လို့​နေသည်​။

Dear My Ex-crush[Completed]Where stories live. Discover now